Thursday, 5 April 2012

စိတ်ရဲ့ အကျင့်ကို ပြောင်းပစ်

ယောဂီတို့က သဘာဝအဖြစ်မှန်ကို ရူဖို့ရာဖြစ်တော့ သူ့အလိုလို သဘာဝအလျောက် ဘာပဲဖြစ်နေဖြစ်နေ ဖြစ်နေတာကိုသာ ရူရန်သာ ဖြစ်ပါတယ်။ ဝေဒနာက ဘာအကြောင်းကြောင့်ပဲ ဖြစ်လာ ဖြစ်လာ၊ ဒါဟာ အကြောင်းမဟုတ်ပါဘူး။ လူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ဘယ်လိုဝေဒနာမျိုးပဲ ခံစားရ၊ ခံစားရ၊ ဒီပေါ်လာတဲ့ ခံစားရတဲ့ ဝေဒနာကို တုံ့ပြန်လုပ်မြဲ ဖြစ်ပါတယ်။

နှစ်သက်စရာ မကောင်းတဲ့ ဝေဒနာမျိုးဆိုရင် စိတ်ရဲ့အကျင့်က မကြိုက်ဘူး၊ မုန်းတယ်ဆိုပြီး တွန်းထုတ်မူနဲ့ တုံ့ပြန်လေ့ရှိပါတယ်။ ဝေဒနာဟာ နှစ်သက်စရာ ကောင်းတယ် ဆိုရင်တော့ စိတ်ရဲ့ အကျင့်ကတောင့်တမူ၊ တွယ်တာမူနဲ့ တုန့်ပြန်လေ့ရှိပါတယ်။ ကောင်းတယ် ကြိုက်တယ်ဆိုတော့ လက်မလွှတ်ချင်ဘူးပေါ့။ ကိုင်ထားချင်တတ်လာပြီး နောက်ပြီးတော့ ဆွဲပြီးသွင်းယူပါတယ်။ မကြိုက်တာကျတော့ တွန်းထုတ်ပစ်ပယ် တတ်ပါတယ်။

ဒီတော့ စိတ်ရဲ့အကျင့်က ဆွဲသွင်းလိုက်၊ တွန်းထုတ်လိုက်၊ ဆွဲသွင်းလိုက်၊ တွန်းထုတ်လိုက် ဖြစ်နေပါတယ်။ ဒီလို ဖြစ်နေတဲ့ စိတ်ရဲ့ အကျင့်ကို ပြောင်းပစ်ဖို့ရာ ဖြစ်ပါတယ်။ ယောဂီတို့ဟာ ဒီလို ဆွဲလိုက် တွန်းလိုက်၊ ဆွဲလိုက် တွန်းလိုက် စိတ်တွေဖြစ်နေတော့ စိတ်က အင်မတန် လူပ်ရှားနေပါတယ်။ စိတ်မချမ်းမသာ ဖြစ်နေကြရပါတယ်။

ဒီစိတ်ရဲ့ အကျင့်ပုံစံကို အပေါ်ပိုင်းတွင်သာမက စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံး အပိုင်းမှာလည်း ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ ကြိုက်တယ်၊ မကြိုက်ဘူးလို့ တုံ့ပြန်နေတဲ့ ဝေဒနာတွေကို စိတ်ရဲ့ အတွင်းပိုင်း အနက်ရိုင်းဆုံးအပိုင်းမှာ သိရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာတွေဟာ ဘယ်လောက်ပဲ နှစ်သက်စရာ ကောင်းကောင်း၊ ဘယ်လောက်ပဲ မုန်းစရာကောင်းကောင်း၊ ရွံစရာကောင်းကောင်း သူတို့ကို တုန့်ပြန်မူမပြုဖို့ရာအတွက် စိတ်ရဲ့ အကျင့်ကို ပြောင်းလဲပစ်ကြရမှာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment