Friday, 6 April 2012

ခန္ဓာအတွင်း ဖြစ်ပျက်သဘာဝကို နားလည်

ခန္ဓာကိုယ်ရဲ့ ဘောင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ သဘာဝကို နားလည်ရမှာ ဖြစ်ပါတယ်။ အပြင်က ဖြစ်ပျက်နေတာကိုတော့ သုတမယဉာဏ်၊ စိန္တာမယဉာဏ်တို့နဲ့ သိနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘောင်အတွင်းက အဖြစ်အပျက်ကိုတော့ ဘာဝနာမယအသိနဲ့မှ သိရှိနိုင်ပါတယ်။


အာရုံတွေအသီးသီး ခံစားနိုင်ဖို့ရာ ခန္ဓာကိုယ်ရဲ့အပေါ်မှာရော အတွင်းမှာရော ရှိပါတယ်။ အသံတစ်ခုဟာ အာရုံရဲ့ ပြူတင်းပေါက်သဘောဖြစ်တဲ့ ဒွါရဖြစ်တဲ့ နားနဲ့တွေ့ထိမူမရှိရင် ဒီအသံကို မကြားနိုင်ပါဘူး။ စိတ်နဲ့ပဲဖြစ်ဖြစ်၊ ဒွါရတစ်ခုနဲ့ပဲဖြစ်ဖြစ် တွေ့ထိမှသာ အာရုံတွေ အမျိုးမျိုးကို ခံစားရပါတယ်။


ဒီအာရုံတွေကို စိတ်ကူးနဲ့ ဦးနှောက်အသိဉာဏ်နဲ့ သိနေရတာပဲဆိုရင် စိန္တမယအသိဉာဏ် အဆင့်မှာပဲ ရှိပါသေးတယ်။ စိန္တာမယဉာဏ်နဲ့ပဲ ဝေဖန်ခွဲဝေကြည့်မယ်၊ ရူနေမယ်ဆိုရင်တော့ တကယ်ရင့်ကျက်တဲ့ ဉာဏ်နဲ့ နက်နဲတဲ့အမှန်တရားကို မရမသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓာရဲ့ ဘောင်အတွင်းကနေပြီး ကြမ်းတမ်းကနေ သိမ်မွေ့၊ အသိမ်မွေ့ဆုံးအထိခွဲခြား ဝေဖန်ပြီး ရူလာနိုင်ရင်တော့ အဆုံးစွန်းသော ပရမတ္ထတရားကို လွယ်ကူစွာနဲ့ပဲ ရရှိပါလိမ့်မယ်။ အမှန်တရားတွေ သဘာဝနိယာမ တရားတွေပေါ်လာပြီးတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာ သေချာပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment