Monday, 14 May 2012

ခန္တီပါရမီ

ခန္တီပါရမီကတော့ သည်းခံဖို့ စိတ်ရှည်ဖို့၊ ယောဂီတွေ တစ်ရာလောက်နဲ့ တရားလာတိုင်ကြတာဟာ လွယ်တာမဟုတ်ပါဘူး။ သူများတွေကို အနှောက်အယှက်မပြုမိအောင် အင်မတန်ကို ဂရုစိုက်ပြီးနေရပါတယ်။ ဒီကြားထဲမှာတောင် တစ်ယောက်ယောက်က ချောင်းဆိုးလိုက်လို့ နှာချေလိုကို့ အသံပြုလိုက်တယ်ဆိုရင် ယောဂီတို့မှာ အနှောက်အယှက်ဖြစ်ပြီး စိတ်တိုသွားတတ်ပါတယ်။

နောက်ပြီး အကုသိုလ်စိတ်တွေ ပွားဖို့မှ မဟုတ်ဘဲ၊ ဒီပုဂ္ဂိုလ်ဟာ နေထိုင်မကောင်းလို့ ဖြစ်မှာပဲလို့ အောက်မေ့ပြီး သူပအပေါ်မှာ အာဃာတစိတ် မထားဘဲ မေတ္တာ ကရုဏာစိတ် ပွားလိုက်မယ်ဆိုရင် ဒီဟာ သည်းညည်းခံလိုက်တဲ့ စိတ်ကို မွေးတာ ဖြစ်ပါတယ်။

နောက်ပြီးတော့လည်း ကိုယ့်အိမ်မဟုတ်တော့ ကိုယ့်စိတ်ကြိုက်တွေ အားလုံးတော့ မဖြစ်နိုင်ပါဘူးပေါ့။ အဆင်မပြေတာတွေလည်း အများကြီးပဲရှိပါတယ်။ ဒါတွေကို သည်းခံပြီး စိတ်ရှည်ရှည်ထားတာဟာ ခန္တီပါရမီဖြည့်နေတာပါပဲ။ ယောဂီတို့ရဲ့ အတ္တစွဲ ငါစွဲ နည်းနည်းလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment