Monday, 14 May 2012

သစ္စာပါရမီ

သစ္စာပါရမီ အမှန်တရားပေါ့။ ငါးပါးသီလဟာ အမှန်တရားပါပဲ။ ဒါပမေယ့် ဒီထက် သိမ်မွေ့တဲ့ အဆင့်တွေရှိပါသေးတယ်။ ဓမ္မလမ်းစဉ်ပေါ်မှာ လှမ်းသမျှ ခြေလှမ်းတွေဟာ အမှန်တရား သစ္စာတရားတွေကို ရည်မှန်းပြီး လှမ်းတာဖြစ်ပါတယ်။ စိတ်ကူးယဉ်မူနဲ့ တရားထိုင်လို့ တရားမရနိုင်ပါဘူး။

အမှန်တရားနဲ့ အလုပ်လုပ်တဲ့ အခါမှာ ကျင့်တဲ့အခါမှာတော့ အဆုံးစွန်သော အမှန်တရားကို ရောက်ရမှာ သေချာပါတယ်။ ဓမ္မလမ်းကြောင်းရဲ့ အပေါ်မှာ လျှောက်တဲ့ အလှမ်းတိုင်း အလှမ်းတိုင်းဟာ အမှန်တရားတွေချည်းပဲ ဖြစ်ရပါလိမ့်မယ်။

ပထမအစပိုင်းကတော့ ကြမ်းတမ်းတဲ့ အမှန်တရားတွေ ဖြစ်ပြီးနောက် တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ သိမ်မွေ့သိမ်မွေ့လာပြီး နောက်ဆုံး အဆုံးစွန်သော အခါကျတော့ ပရမတ္ထသစ္စာတရားကို တွေ့ကြပါလိမ့်မယ်။ ယောဂီတို့ နေ့စဉ် အချိန်ပြည့် တရားထိုင်နေတာ တရားရူနေကြတာဟာ သစ္စာပါရမီတွေ ဖြည့်နေကြတာပဲ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment