Wednesday, 6 June 2012

အရူပါဝစရ အပ္ပနာဝီထိ ၄-ပါး

(မန္ဒပညာ) န-ဒ-`မ-ပ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(တိက္ခပညာ) န-ဒ-`မ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(၁) ကသိုဏ်းနိမိတ်ကိုခွာ၍ ရအပ်သော ကောင်းကင်ပညတ် အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒဟူ၍ ဘ၀င် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာစိတ် ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာ ပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပမာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာ ပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာ ပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် အာကာသာနဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘ၀င်များစွာကျပြီး ဈာန်မှထ၏။

(၂) အာကာသာနဉ္စာယတနစိတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. ၀ိညာဏဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..

(၃) အာကာသာနဉ္စာယတနစိတ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. အာကိဉ္စညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..

(၄) အာကိဉ္စညာယတန ကုသိုလ်စိတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. နေ၀သညာ နာသညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment