လွန်ခဲ့သော နှစ်ပေါင်း သန်း၆၀လောက်က ခြောက်ပေခန့်ရှည်သော ကမ္ဘာလိပ်ကြီး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ကိုလံဘီယာနိုင်ငံရှိ သတ္တုတွင်းမှာ တွေ့ရှိခဲ့ကြသည်ဟု ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ပြောကြားလိုက်သည်။ ယင်းသတ္တုတွင်းနေရာတွင် ယခင်က ၄၈ပေအရှည်ခန့်ရှိသော ကမ္ဘာ့အရှည်ဆုံး မြွေကျောက်ဖြစ်ရုပ်ကြွင်း ကြီးကိုလည်း တွေ့ရှိဖူးသည်။ ယင်းသတ္တ၀ါကြီးများ မျိုးသုဉ်းသွားရသည့် အကြောင်းရင်းကိုသာ ရှာဖွေဖော်ထုတ်နိုင်မည်ဆိုလျှင် ဒိုင်နိုဆောများဘာကြောင့် ပျောက်ဆုံးသွားရသည်ကိုပါ ရှာဖွေဖော် ထုတ်နိုင်တော့မည် ဖြစ်ကြောင်းသိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။
ကိုချစ်ကို မလေးရှား မှပေးပို့ တင်ပြသည်။
မူရင်းလင့်ခ် ရဲဇော်ကို(မလေး) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment