Sunday, 12 August 2012

ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများနှင့်အတူ ရေကူး



သြစတြေးလျနိုင်ငံသူ ဟန်နာဖရေဇာ (၃၆ နှစ်) သည် သုံးနှစ်သမီး အရွယ်ကတည်းက ရေသူမဖြစ်ရန် စိတ်ကူးယဉ်ခဲ့သူဖြစ်သည်။ သူသည် ယခုအခါ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ နေထိုင်လျက် ရှိသည်။ သူသည် မော်ဒယ်၊ ရုပ်ရှင်မင်းသမီးနှင့် သရုပ်ပြသူအဖြစ် လုပ်ကိုင်လျက်ရှိပြီး ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများ၊ လင်းပိုင်များ၊ ငါးလိပ်စွန်များနှင့် ရံဖန်ရံခါ ငါးမန်းများနှင့်အတူ ရေကူးပြခဲ့သည်။ ဝေလငါးများ မျိုးမသုဉ်းအောင် ထိန်းသိမ်းရေးအတွက် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် ဟန်နာသည် ဝေလငါးများနှင့် အတူ ရေကူးပြနေပုံကို တြွေ့မင်နိုင်သည်။ သူသည် လက်လုပ် ရေသူမအမြီးဖြင့် တွန်ဂါသို့ သွားရောက်ကာ ယခုကဲ့သို့ ဓာတ်ပုံများရိုက်ကူးခဲ့ခြင်းဖြစ်သည်။
 
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ..
ရှာတွေ့သမျှကိုဆက်လက်တင်ပြပေးသွားမည်...
ရဲဇော်ကို(မလေး)
 
မူရင်းလင့်ခ် ရဲဇော်ကို(မလေး) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။ 

No comments:

Post a Comment