ဤကျမ်းစာသည်ကား မေ့လျော့နေခြင်း၊ မမေ့ခြင်းတည်းဟူသော အဘို့နှစ်ဘို့တို့ကို စာရင်းတို့၍ ပြောကြားထားရာ ဖြစ်သဖြင့် ပမာဒဒါ ပမာဒ ဒွေဘာဂီယ အမည်ရ၏။
တစ်ဖန် စာစကား ရွာသားများနားလည်အောင် ဆွဲဆောင်ရေးသား ပြောကြားရာ ဖြစ်ခြင်းကြောင့်လျှင် ကထာအမည်လည်း ရချေသေး၏။
(က) ပမာဒ မေ့မေ့နေခြင်းနှင့် အပမာဒ မမေ့မလျော့ မပေါ့မဆနေခြင်း၊ ထိုနှစ်ခင်းတို့၏ သဘောသွားကို ဦးစွာ ပြောကြားမည် နိုင်းယှဉ်၍လည်း ပြမည်။
(ခ) ထို့နောက် မေ့မေ့နေတတ်သူတို့၏ သွားရာလမ်းနှင့် နားရာစခန်းကိုလည်းကောင်း၊ မမေ့တတ်သူတို့၏ သွားရာလမ်းနှင့် နားရာစခန်းကိုလည်းကောင်း ပြောကြားမည်။
(ဂ) မေ့မေ့နေနည်းနှင့် သတိဖြင့်နေနည်းတို့ကိုလည်း သင်ကြားပေဦးမည်။
ထိုသုံးမျိုးတို့တွင် မေ့မေ့ပျောက်ပျောက် နေလိုသူ၏ သဘောသွားသည်-
(၁) ပျင်းပျင်းရိရိ ဘာကိုမျှ ထိမိစွာ မလုပ်လိုသော မျှောလိုက်သမားမျိုးသော် ဖြစ်တန်ရာ၏။
(၂) သို့တည်းမဟုတ် ကိုယ်ကြိုက်ရာ အကောင်းထင်၊ မင်ရာ အမွှမ်းတင်လျက်က ခရီးလမ်းတစောင်တွင် စိတ်သန်ရာ ခါးစောင်းတင်ကာ သွားလာတတ်သော သူစားမျိုးသော် ဖြစ်တန်ရာ၏။
(၃) မကောင်းမူ ပြုကျင့်မှားပြီး ဖြစ်တော့သဖြင့် သွားမည့်လမ်း၊ နားရမည့် စခန်း၏ ကြမ်းတမ်းလှစွာ မရူလို မမြင်လိုရကား စိတ်မျက်စိစုံမှိတ်၊ သွားလက်စလမ်း၊ ပေမှိတ် သွားလာနေသော သူစားမျိုးလည်း ဖြစ်တန်ရာ၏။
တစ်ဖန် မမေ့သတိ၊ အမှတ်မိစွာ နေလေသူကား ထိုသုံးချက်တို့နှင့် ဆန့်ကျင်ဖက်သမားချည်းသာ ဖြစ်တန်ရာ၏။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည် ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment