မင်္ဂလာပါရှင် ကိုယ်ပိုင် ဘလော့ဂါ တည်ဆောက်ထားသော သူငယ်ချင်းမိတ်ဆွေများအတွက် Page Element မှာ နာရီ ပြက္ခဒိန် မိမိတို့ လိုအပ်တာလေးတွေထည့်ပြီး ကိုယ်ပိုင်စာမျက်နှာလေး အလှဆင်နည်းလေကို တောသူမလေး သိလို့တော့မဟုတ်ပါဖူး မသိတဲ့သူက ရေးပေးခိုင်းလို့ သိသလောက် ကြိုးစားပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။
ပထမဆုံးအနေနဲ့ http://www.blogger.com ဆိုတဲ့ ဆိုဒ်လေးကို အရင်ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံ (၁) မှာပြထားတဲ့အတိုင်း ကိုယ့်ဘလော့ဂါ အကောင့်ရဲ့ ဂျီမေး ပတ်စ်ဝေါ့ ကို ရိုက်ထည့်ပြီးမှ ၀င်လိုက်ပါ။

ပုံ(၂)

ဂျီမေးနဲ့ ပတ်စ်ဝေါ့နဲ့ မိမိအကောင့်ကို ၀င်လိုက်တာနဲ့ http://www.blogger.com/home ဆိုပြီးမှ Dashboard စာမျက်နှာ ကျလာပါလိမ့်မယ်။ အပေါ်က ပုံ(၂) မှာပြထားတဲ့အတိုင်း drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ပါ။

ပုံ(၃)

drop down မြှားကလေးကို တစ်ချက်နှိပ်လိုက်ရင်တော့ ပုံ(၃) မှာ ပြထားတဲ့အတိုင်း ဘလော့တစ်ခုရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တာလေးတွေကျလာပါလိမ့်မယ်။ အဲ့ဒီထဲကမှ Page Element မှာ နာရီ၊ ပြက္ခဒိန်၊ မိမိနှစ်သက်ရာလေးတွေထည့်မယ်ဆိုရင်တော့ Layout ဆိုတဲ့ မြှားပြထားတာလေးကို တစ်ချက်နှိပ်လိုက်ပါ။
ပုံ(၄)

Layout ကိုနှိပ်ပြီးရင်တော့ ပုံ(၄) မှာ ပြထားတဲ့အတိုင်း Page Element တစ်ခုကျလာပါလိမ့်မယ်။ ဒါဆို နာရီ၊ ပြက္ခဒိန်လေးတွေကို ဘယ်နားကနေ ဘယ်လိုလေး ထည့်မယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ မိမိ ထည့်ချင်တာလေးတွေထည့်ဖို့အတွက်ကတော့ HTML/ Java Script တစ်ခုကို ယူရပါမယ်။ ဘယ်လိုယူရမလဲဆိုတာလေးကို ပြောပြမယ်နော်။ Page Element ထဲကမှ Add a Gadget ဆိုတဲ့ မြှားပြထားတဲ့ နေရာလေးကိုနှိပ်လိုက်ပါ။
ပုံ(၅)

Add a Gadget ဆိုတဲ့ မြှားပြထားတဲ့ နေရာလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ ပုံ (၅) မှာပြထားတဲ့အတိုင်း Add Box လေးတစ်ခုကျလာပါလိမ့်မယ် လိုင်းအနှေး အမြန်ပေါ်မူတည်ပြီးမှ ခဏစောင့်ရပါမယ်။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း HTML/ Java Script ဆိုတာလေးကိုရှာပြီးမှ သူ့ ညာဘက်ဘေးနားက + ပုံစံပြထားတဲ့ Add ကလေးကိုနှိပ်လိုက်ပါ။
ပုံ(၆)

HTML/ Java Script ဆိုတာလေးကိုရှာပြီးမှ သူ့ ညာဘက်ဘေးနားက + ပုံစံပြထားတဲ့ Add ကလေးကိုနှိပ်လိုက်ပြီဆိုရင် ခဏလေးစောင့်ပေးပါ။ ပုံ (၆) မှာပြထားတဲ့အတိုင်း HTML/ Java Script ဘောစ်တစ်ခုကိုမြင်ရပါလိမ့်မယ်။ Title box နေရာမှာ (သက်ဆိုင်ရာ ခေါင်းစဉ်ထည့်ပါ) Content box နေရာမှာ(သက်ဆိုင်ရာ နာရီ၊ ပြက္ခဒိန်) html code လေးတွေကို ထည့်လိုက်ပါ ပြီးရင် Save ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲ။

ပုံ(၇)

Save ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်တော့ ခုနက အသစ်ယူထားတဲ့ HTML/ Java Script ဘောစ်လေးတစ်ခု Page Element ထဲမှာ ၀င်ရောက်လာတာကို တွေ့ရပါလိမ့်မယ်။ အဲ့လိုထည့်ပြီးရင်တော့ ပုံ(၇) မှာ ပြထားတဲ့အတိုင်း HTML/ Java Script ဘောစ်လေးအပေါ်ကို ဖိပြီးမှ မိမိထားချင်တဲ့နေရာကို ရွေ့ပြီးထားလို့ရပါတယ်။

ပုံ(၈)

HTML/ Java Script ဘောစ်လေးအပေါ်ကို ဖိပြီးမှ မိမိထားချင်တဲ့နေရာကို ရွေ့ပြီးသွားပြီဆိုရင်တော့ Page Element ထဲမှာ ပြန်သိမ်းရပါအုံးမယ်။ ပုံ(၈) မှာပြထားတဲ့အတိုင်း Page Element ထိပ်နားက Save arrangement ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ နှိပ်ပြီးတဲ့အခါမှာ Your changes has beeb save (Veiw bolg) ဆိုတာလေးကို မြင်ရပါလိမ့်မယ်။ အဲ့စာတန်းလေးပေါ်လာရင်တော့ သင့်ပြင်ဆင်မူ ပြီးဆုံးပြီဖြစ်လို့ (view blog)ကနေတစ်ဆင သင့်စာမျက်နှာကို သွားရောက်ကြည့်ရူနိုင်ပြီ ဖြစ်ပါတယ်ရှင်။
သိလို့ တက်လို့ ရေးသားခြင်းမျိုး မဟုတ်ပဲ မိမိနားလည်သလို အဆင်အပြေဆုံးဖြစ်အောင် ကြိုးစားရေးပြ ပေးထားပါတယ်ရှင်။ ဒီပိုစ့်လေးဖတ်ပြီးတော့ အသုံးပြုရတာ အဆင်ပြေမ ပြေကိုတော့ ပိုစ့် ကော်မန့်မှာ ဝေဖန်ပေးခဲ့စေလိုပါသည်။ ဘလော့ဂါအသုံးပြုသူ သူငယ်ချင်းမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment