မင်္ဂလသုတ်၌ အဓိပ္ပာယ်ကို အထူးမှတ်သားရန် အနည်းငယ်မျှ ထည့်သွင်းလိုက်ပါဦးအံ့။
ဧကမနံ္တ အဋ္ဌာသိ - ဟူသော ပါဌ်၏ အဓိပ္ပါယ်ကား - နီးလွန်းသောအရပ်၊ ဝေးလွန်းသော အရပ်၊ လေညာ ဖြစ်သောအရပ်၊ မြင့်သောအရပ်၊ ရှေ့တူရူ ဖြစ်သောအရပ်၊ နောက်တူရူ ဖြစ်သောအရပ်၊ ၎င်းခြောက်ရပ်မှ လွတ်သောအရပ် ဆိုလိုသည်။
ပတီရူပဒေသ၀ါသောစ - ဟူသောပါဌ်၏ အဓိပ္ပါယ်ကား - ရတနာသုံးပါးထင်ရှားရှိသော အရပ်၌ နေရခြင်းကို ဆိုလိုသည်။
အတ္တသမ္မာပဏိဓိစ - ဟူသော ပါဌ်၏ အဓိပ္ပါယ်ကား - ဒုစရိုက်ဆယ်ပါးမှ ရှောင်ကြဉ်ရမည် ဆိုလိုသည်။
သုဘာသိတာစ ယာဝါစာ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - ပိသုဏ၀ါစာမှ ကြဉ်၍ ဆိုသော သုဘာသိတစကား၊ ဖရုသ၀ါစာမှ ကြဉ်၍ဆိုသော ပိယ၀ါစာစကား၊ သမ္ဖပ္ပလာပမှ စကား၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကို ဆိုလိုသည်။
ပုတ္တဒါရဿသင်္ဂဟော - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - သရဏံဂုံ ဆောက်တည်၍, ပဉ္စသီလကို ထိန်းစောင့်၍, ကုသိုလ်ကောင်းမူကိုပြု၍, တရားတော်နှင့်အညီ သားမယားကျွေးမွေးရမည် ဆိုလိုသည်။
ဒါဉ္စဓမ္မစရိယာ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - ဆွမ်း, အဖျော်, ကျောင်း, သင်္ကန်း, ယာဉ်, ပန်း, နံ့သာပျောင်, တို့၏ အထောက်အပံ့ဖြစ်သောဆေး၊ ဤဆယ့်တစ်ပါးကို ဒါနဉ္စပုဒ်၌ သွင်းအပ်၏။ ငါးပါးသီလ, ဆယ်ပါးသီလ, စတုပါရိ-သုဒ္ဓိသီလတို့ကို ဓမ္မစရိယာပုဒ်၌ သွင်းအပ်၏။ အဋ္ဌင်္ဂ၊ သီလကို အန၀ဇ္ဇာနိကမ္မာနိ ဟူသောပုဒ်၌ သွင်းအပ်၏။
အာရတီဝိရတီ - ပါဌ်၏ အဓိပ္ပာယ်ကား - စိတ်နှလုံးဖြင့် ကြဉ်ခြင်းသည် အာရတီမည်၏။ ကိုယ်, နူတ်, နှစ်ပါဖြင့် ကြဉ်ခြင်းသည် ၀ိရတီမည်၏။
မဇ္ဇပါန - ပါဌ်၏ အဓိပ္ပာယ်ကား - သုရာငါးပါး, မေရယငါးပါးကို ကြဉ်ရှောင်ရမည် ဆိုလိုသည်။
သန္တုဌိစ - ပါဌ်၏ အဓိပ္ပာယ်ကား - ကိလေသာတို့ကို ခေါင်းပါးစေခြင်းငှာ လောဘအာရုံသို့ မလိုက်မူ၍၊ ရရှိသမျှသော ပစ္စည်းတို့ဖြင့် ရောင့်ရဲ၍ သုံးဆောင်ရမည်ကို ဆိုလိုသည်။
ကာလေနဓမ္မသ၀နံ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - ကာမ၀ိတက်, ဗျာပါဒ၀ိတက်, ၀ိဟိံသ ၀ိတက်၊ ဤမိစ္ဆာဝိတက် မ၀င်သောအခါသည် တရားတော်ကို နာခြင်းငှာ လျောက်ပတ်သော အခါမည်၏။
သောဝစဿတာ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - သားတော်ရာဟုလာကို သြ၀ါဒ ပေးတော်မူသောအခါ တခွန်းတည်းသောစကားဖြင့် နာယူလွယ်သကဲ့သို့ သူတော်ကောင်းတို့ ဆုံးမစကားကို တစ်ခွန်းတည်းဖြင့် နားထောင်နာယူလွယ်ရမည် ဆိုလိုသည်။
သမဏာနဉ္စဒဿနံ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - သီလ၀န္တပုထုဇဉ် ပုဂ္ဂိုလ်နှင့်တကွ သေက္ခပုဂ္ဂိုလ် ခုနှစ်ယောက်တို့အား ဖူးမြင်ရမည် ဆိုလိုသည်။
တပေါစ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - ၀ီရိယကိုဖြစ်စေ၍ ဣနြေ္ဒယသံဝရ သီလကို လုံအောင်ထိန်းသိမ်းရမည် ဆိုလိုသည်။
ဗြဟ္မစရိယဉ္စ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - မေထုန် ၇-ပါးမူကြဉ်ရမည် ဆိုလိုသည်။
အရိယသစ္စာနဒဿနံ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - သစ္စာလေးပါး မဂ်ဉာဏ်ဖြင့် မြင်ရမည်ဟု ဆိုလိုသည်။
နိဗ္ဗာနသစိံ္ဆကိရိယာစ - ဟူသော ပါဌ်၏ အဓိပ္ပာယ်ကား - အရဟတ္တဖိုလ်သို့ရောက်ခြင်း, ဆင်ခြင်ခြင်းကို ဆိုလိုသည်။
လောကဓမ္မေဟိ - ဟူသော ပါဌ်၏အဓိပ္ပာယ်ကား - လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံရှိခြင်း၊ အခြံအရံမရှိခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဤလောကဓံတရား ရှစ်ပါးကို ဆိုလိုသည်။
အထူးမှတ်ရန် အဓိပ္ပာယ်အကျဉ်းပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment