Thursday, 3 January 2013

ပရိတ်ရွတ်ဖတ်တက်ရန် သင်ကြားသင့်ပုံ

ဗုဒ္ဓပရိတ်တော်များသည် မြန်မာစကားပြေဖြင့် မဟုတ်ဘဲ မာဂဓဘာသာ ဂါထာ၊ စုဏ္ဏိယ ပါဠိတော်ဖြင့် ရှိနေလေရာ ယေဘုယျအားဖြင့် ပရိတ်ရွတ်ဖတ်ကြသူများသည် ပါဠိဘာသာနှင့် မနီးစပ် အလှမ်းဝေးနေကြသူများသာ ဖြစ်နေကြသဖြင့် ရွတ်ရာ ဖတ်ရာ၌ ပထမတွင် မချောမွှေ့ မပီသဘဲ ရှိနေကြမည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော ဤအချက်မှာ ခက်ခဲလှသော ကိစ္စမဟုတ်ချေ၊ ပါဠိတော်နှင့် မနီးစပ် အလှမ်းဝေးသည် ဆိုခဲ့ခြင်းမှာ ပါဠိတော်နှင့် ပါဠိဘာသာ သင်ယူသူများ မဟုတ်ကြသည့် ဗုဒ္ဓဘာသာဝင်မဟုတ် သူတို့အတွက် ဆိုလိုရသော်လည်း ဗုဒ္ဓဘာသာဝင်တို့သည် မကြားဖူးလောက်အောင် နားစိမ်းနေကြသူများ မဟုတ်ကြချေ။

မိမိတို့ အိမ်ဦးခန်းတွင် ကိုးကွယ်ရန် ဘုရားအနေကဇာတင်သောအခါများ၊ သဒ္ဓါဆွမ်းကျွေးသော အခါများ၊ အခါကြီးနေ့ကြီးများတွင် ရပ်ကွက်အတွင်း စုပေါင်း ပရိတ်ရွတ်ကြသောအခါများ၊ အသံမစဲ ပဌာန်းပွဲရွတ်သောအခါများတွင် ကြားဖူးနားဖူးနေသော အသံများဖြစ်သဖြင့် ကိုယ်တိုင်ရွတ်ဆိုမှု မပြုဖူးသေးလျှင်သာ ခက်ခဲမှုရှိပြီး စတင်လေ့ကျင့် ရွတ်ဖတ်သောအခါတွင်မှု အချိန်မကြာမြင့်မီ တတ်မြောက် နိုင်လေသည်။

ထိုသို့ တတ်မြောက်နိုင်ရေးအတွက် မိမိတို့ ကိုးကွယ်ရာ ဆရာတော်များ၊ သံဃာတော်များထံ၌ လည်းကောင်း၊ ရပ်ကွက်တွင်းရှိ ပရိတ်သင်းတွင် ပါဝင်ရွတဆိုကာ ခေါင်းဆောင် ပရိတ်ဆရာ၏ အထံတွင်လည်းကောင်း သင်ကြားပါက ဧကန်ပင် တတ်မြောက်သွားမည် ဖြစ်ပေသည်။

ယခု သိရှိနားလည်သလောက်ကို ရေးသားဖော်ပြပေးသွားမည်ဖြစ်ရာ ပရိတ်တရားတော် ၀ါသနာပါသူ လူမျိုးမရွေး၊ ကျား,မ မရွေး၊ အရွယ်မရွေး လေ့လာဖတ်ရူးမည်ဆိုပါက အများကြီးမဟုတ်တောင် ပါဠိရွတ်ဖတ်နည်းများကို တတ်သိနားလည်လာမည် ဖြစ်ပေသည်။

သံနေ သံထား လေယူလေသိမ်းတို့မှာ စာနှင့်ရေးပြခြင်းထက် ကိုယ်တွေ့ အသံထွက်ကိုကြားရမှ ပိုမို၍ မှန်ကန်မည် ဖြစ်ပေသည်။ ၀တ်ရွတ်သံသည် ညီညာဖြဖြ သပ်ရပ်ခန့်ထည် ဖြစ်ပါမှု ကြားရသူ၏ ဟဒယနှလုံးတွင် စွဲငြိလျက် ကြည်နှုးမှုရသလို ကျောစိမ့်အောင်ပင် ခံစားရပြီးသကာလ အာရုံစက်ဝင်လာကြသည့် အစွမ်းထူးသတ္တိထူး ရှိပေသည်။

ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment