Thursday, 7 February 2013

အဆွေခင်ပွန်းစစ် ဆိုရာဝယ်


ကျေးဇူးဆောင်တတ်သော အဆွေခင်ပွန်းစစ် ၄-ယောက်

မေ့လျော့စောင်းကာ၊ ဥစ္စာစောင့်ရှောက်၊
ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊
နှစ်ဆဥစ္စာ၊ ထောက်ပံ့လာသည်၊
လေးဖြာဥပကာရတည်း။


ဆင်းရဲမကွာ ချမ်းသာပစ်သော အဆွေခင်ပွန်းစစ် ၄-ယောက်

လျှို့ဝှက်စကား၊ ဖော်ကြားမကျန်၊
တဖန်ဖုံး၍၊ ထားတွေ မစွန့်၊
မတွန့်မကွက်၊ ကိုယ့်အသက်ကို၊
မိတ်တွက်စွန့်မြောက်၊ ဤလေးယောက်၊
မှတ်လောက်သုခ၊ ဒုက္ခတည်း။

အကျိုးစီးပွားကိုသာ ပြောကြားတတ်သော အဆွေခင်ပွန်းစစ် ၄-ယောက်

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်ထား၊
မကြားစဖူး၊ စကားဖူးမြွက်၊
ထက်နတ်ညွှတ်ပြ၊ ဤလေးဝကား၊
မည်ရ အတ္တက္ခာယီတည်း။

အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် ၄-ယောက်

ဥစ္စာပျက်ပြား၊ သနားကြင်နာ၊
ပွားခါကြည်နှုး၊ကျေးဇူးမဲ့ကို၊
ဆိုးသော်တားမြစ်၊ ကျေးဇူးလှစ်က၊
ထပ်ဆင့်ချီးကျူး၊ ဤလေးဦးကား၊
မိတ်ထူးအနူကမ္ပတည်း။

No comments:

Post a Comment