Thursday, 7 February 2013

အဆွေခင်ပွန်းတု ဆိုရာဝယ်


နှုတ်ဖြင့်သာဟန်ဆောင်တတ်သော အဆွေခင်ပွန်းတု ၄-ယောက်

လွန်ပြီးစေ့စပ်၊ နာဂတ်တတန်၊
အဆန်မပါ၊ ဗသာမြှောက်စား၊
ပေးလိုလားဟန်၊ ပစ္စုပ္ပန်မှာပျက်ရာညွှန်ကြား၊
ဤလေးပါးကား၊ မှတ်သားဝစီပရမတည်း။


ချစ်ဖွယ်သာဆိုတတ်သော အဆွေခင်ပွန်းတု ၄-ယောက်

မကောင်းခွင့်ပြု၊ ကောင်းမှုပိတ်ပင်၊
ရှေ့တွင်ချီးမွမ်း၊ ပြုံးလွှမ်းကွယ်ထောက်၊
ကဲ့ရဲ့မြောက်၊ လေးယောက်ပီယဘာဏိတည်း။

အကျိုးမဲ့ကို ဆောင်တတ်သော အဆွေခင်ပွန်း ၄-ယောက်

ယစ်မျိုးသောက်စား၊ လမ်းသွားခါမဲ့၊
ရူငှဲ့သဘင်၊ ပျော်ရွှင်လောင်းစား၊
အရာများမှ အဖော်ရ၊ လေးဝပါယမိတ်ဆွေတည်း။

No comments:

Post a Comment