ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

တန်ခိုးကြီး ဘုရားတွေမှာ မနက်ခင်း၊ နေ့ခင်း အလင်းရောင်ရှိချိန်မှာ မီးထွန်းပူဇော်တာ ကုသိုလ်ရရှိပါသလား?

အလှူခံ၊ လှူဖွယ်ပစ္စည်း၊ လှူလိုသော စေတနာ၊ လှူခြင်းဆိုတဲ့ ဒါန အင်္ဂါလေးချက်နဲ့ ပြည့်စုံတဲ့အတွက် ကုသိုလ်ရသင့်သလောက်တော့ ရဖို့ရှိပါတယ်။ ဒါပေမယ့် ဆီမီးထွန်းတဲ့ ရည်ရွယ်ချက်က အမှောင်ခွင်း အလင်းဆောင်ဖို့ အလင်းရောင်ရမှ ဆင်းတုစေတီကို ဖူးမြော်ကြည်ညိုဖို့ ဖြစ်တယ်။ အလင်းရောင် ရှိချိန်မှာ ဖယောင်းတိုင်ထွန်း ပူဇော်တော့ အလင်းရောင်ဟာ ပိုမလာဘူး။

ဒါကြောင့် မနက် ညအမှောင်ထု ရှိတဲ့ အခါမှာသာ ဖယောင်းတိုင်နဲ့ လျှပ်စစ်မီးညှိထွန်း ပူဇော်သင့်ပါတယ်။ အလင်းရောင် ရှိချိန်မှာ ဘုရားရောက်လို့ ဆီမီးကိုလဲ ပူဇော်ချင်တယ် ဆိုရင်တော့ မီးပူဇော်ရန်ဆိုတဲ့ အလှူခံသေတ္တာထဲ လှူခဲ့တာ ပိုကောင်းပါတယ်။ ဒါမှမဟုတ်လဲ အမှောင်နည်းနည်းရှိတဲ့ ဓမ္မာရုံထဲ၊ ဂူထဲကဘုရားတွေမှာ ညှိထွန်းပူဇော်ရင် ပိုကောင်းပါတယ်။

No comments:

Post a Comment