ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဘုရားရှင်ကို ဘာပြုလို့ ပန်းကပ်လှူကြပါသလဲ?

ပန်းရဲ့အလှ ပန်းရဲ့ရနံ့ဟာ မြင်ရရှူရှိုက်ရသူတွေရဲ့ စိတ်နှလုံးကို ရွှင်ပျလန်းဆန်းစေပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုမြင့်မားတဲ့ လူမျိုးမှန်ရင် သူတို့ရဲ့ ဧည့်ခန်းကို ပန်းတွေနဲ့ အလှအပ ပြုပြင်ထားကြတယ်။ ပန်းဥယျာဉ်တွေ စိုက်ပျိုးလေ့ ရှိကြတယ်။ ဗုဒ္ဓဘာသာတွေဟာ စိတ်ရွှင်ပျလန်းဆန်းဖို့အတွက် ဘုရားရှင်ကို လေးစားပူဇော်ဖို့အတွက် ပန်းကို ပူဇော်ကြပါတယ်။

ပန်းဟာအလွယ်ကူဆုံး လှူဖွယ်ဝတ္တု ဖြစ်ပါတယ်။ အချိန်အခါမရွေးဘဲ လှူဒါန်း ပူဇော်နိုင်တဲ့ ပစ္စည်းလည်း ဖြစ်တယ်။ ဆွမ်းဆိုရင် နံနက်ပိုင်းသာ ကပ်လှူလို့ ရတယ်။ ဆီမီးကိုဆိုရင်လဲ မနက်နဲ့ ညအမှောင်ထု ရှိချိန်မှသာ ထွန်းညှိပူဇော်လို့ရတယ်။ ပန်းကတော့ မနက်၊ နေ့၊ ည အချိန်အခါ မရွေး ပူဇော်လို့ရတဲ့ လှူဖွယ် ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကို ပန်းလှူဒါန်းကြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment