ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဘုရားကို ပန်းကပ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းကစခဲ့သလဲ?

ဘုရားပန်းကပ်တဲ့ အစဉ်အလာဟာ ဘုရားသက်တော်ထင်ရှား ရှိစဉ်ကတည်းက စခဲ့တယ်။ ဘုရားသက်တော် ထင်ရှား ရှိစဉ်က ဗုဒ္ဓဘာသာတွေဟာ ဘုရားကျောင်းတော် သွားတဲ့အခါ ဂန္ဓမာလာဒိ ဟတ္ထေဟိ=ပန်းနံ့သာ လက်စွဲကုန်လျက်ဆိုတဲ့ စကားလုံးမျိုး ပါဠိတော်မှာ တွေ့ရတယ်။

ကလိင်္ဂဗောဓိဇာတ်မှာ လူတွေက ဘုရားရှင်ကို ပူဇော်ဖို့ ပန်းနံ့သာတွေ ယူဆောင်ပြီး လာကြတယ်။ ဘုရားရှင်ကိုမတွေ့ရတော့ ပန်းနံ့သာတွေကို စွန့်ပစ်ပြီး ပြန်ကြတယ်လို့ဆိုတယ်။ ဒါကြောင့် ဘုရားပန်းကပ်လှူတဲ့ အစဉ်အလာဟာ ဘုရားရှင်လက်ထက် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိနေပြီလို့ ဆိုရပါမယ်။

No comments:

Post a Comment