ရှိပါတယ်။ အထက်ပါ ပန်းပူဇော်ခန်းမှာ ပြခဲ့တဲ့အတိုင်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရား ကျောင်းတော်သွားကြတဲ့ လူတွေဟာ ပန်းနံ့သာတွေ ယူသွားကြတယ်လို့ဆိုတယ်။ နံ့သာဆိုတာက ရေမွှေး၊ နံ့သာဖြူ၊ ကရမက်၊ သနပ်ခါးကို သွေးထားတဲ့ အရေနံ့သာ၊ နံ့သာဖြူ၊ ကရမက်၊ သနပ်ခါးခဲ၊ ပရုပ်မွှေး၊ ကတိုးစတဲ့ အခဲနံ့သာ၊ နံ့သာဖြူ ကရမက်ကို မီးရို့ခြင်း၊ အမွှေးတိုင် မီးရို့ပူဇော်ခြင်းစတဲ့ အခိုးနံ့သာလို့ ကိုးမျိုးရှိတဲ့အနက် ကိုးမျိုးစလုံးကို ဘုရားရှင်လက်ထက်က ပူဇော်ခဲ့ကြမယ်လို့ ယူဆရပါတယ်။
အပဒါန် ပါဠိတော် ဂန္ဓဓူဝိယထေရအပဒါန်နဲ့ ဂန္ဓပူဇကထေရအပဒါန်မှာ နံ့သာခဲလှူခဲ့ရလို့ ကမ္ဘာများစွာ အပါယ်မလားခြင်းဆိုတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဗောဓိပင်ကို နံ့သာရေ လောင်းလှူရကျိုး၊ ဘုရားရှင်ကို နံ့သာရေမွှေးဖြင့် လောင်းလှူပူဇော်ရကျိုးကို ဟောထားပါတယ်။ ဂန္ဓဓူပိယထေရအပဒါန်မှတော့ နံ့သာအခိုးလှူရလို့ အပါယ်မလားဘဲ စကြာဝတေးမင်း အကြိမ်ကြိမ်ဖြစ်ခြင်းစတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဒါကြောင့် အခုခေတ်အမွှေးနံ့သာလှူတဲ့ အစဉ်အလာဟာ ဘုရားရှင် လက်ထက်တော်မှာ ရှိခဲ့ပါတယ်လို့ သိရပါတယ်။
Monday, 13 September 2010
အမွှေးတိုင်ပူဇော်တဲ့ အစဉ်အလာဟာ ကျမ်းဂန်ထဲမှာ ရှိခဲ့ပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment