ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ အစဉ်အလာက ဘယ်တုန်းက စခဲ့သလဲ?

ဘုရားရှင်ကို မီးပူဇော်တဲ့ အစဉ်အလာဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိခဲ့ပုံပေါ်ပါတယ်။ မီးပူဇော်လို့ အကျိုးရပုံတွေကို ၀ိမာန၀တ္ထု အပဒါန်ပဠိတော်တွေမှာ ပြထားပါတယ်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ကို ဖူးမြော်ဖို့ ပရိသတ်ဟာ ညဘက်မှာ လာတာလဲ ရှိပါတယ်။ ဒီအခါမှာ ဂန္ဓကုဋိကျောင်းတော်မှာ မီးပူဇော်ထားဖို့ လိုပါမယ်။ ညဘက်လာတဲ့အခါ ပရိသတ်ဟာ မီးပူဇော်ကြမှာပါပဲ။ ဘုရားရှင် တာဝတိံသာမှာ အဘိဓ္မာ ဒေသနာတော်ကို ဟောကြားပြီး သက်ဿနဂိုရ်ပြည်ကို ပြန်ဆင်းတဲ့ အခါမှာ မြို့သူမြို့သားတွေက ဆီမီးရောင်စုံ ညှိထွန်းပူဇော် ကြိုဆိုကြပါတယ်။ သီတင်းကျွတ် မီးထွန်းပွဲတော်ဟာ အဲဒီ သင်္ကဿနဂိုရ် မီးထွန်းပွဲက စခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘုရားမီးပူဇော်တဲ့ အလေ့ဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

No comments:

Post a Comment