ဆွမ်းတော်ပွဲကိုတော့ ဇနီး၊ သမီး၊ မိခင် တစ်ယောက်ယောက်ကဦးစွာ ချက်ပြုတ် ပြင်ဆင်ရမှာပဲ။ ပြင်ဆင်ပြီးရင် တစ်ယောက်က ဦးစွာဘုရားရှေ့မှာ လက်နှစ်ဖက်နဲ့ ဘုန်းကြီးဆွမ်းကပ်သလိုကပ်ပြီး ဂုဏ်ကိုးပါးရှင် သက်တော်ထင်ရှား မြတ်စွာဘုရားအား ဆပ်ကပ်ပါ၏။ နိဗ္ဗာန်အထောက်အပံ့ ဖြစ်ပါစေသတည်းလို့ဆိုပြီး ကပ်ရမယ်။ ကျန်အိမ်သားတွေကလဲ ဘုရားရှိခိုးတော့မယ်ဆိုရင် မခိုးခင် အထက်ပါအတိုင်းဆိုပြီး ဆွမ်းတော်ပွဲကို ကိုင်မြှောက်ပြီးကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်ရမယ်။ အဲဒီလို လူတိုင်းကိုယ်ထိလက်ရောက်ကပ်မှ လူတိုင်း ကုသိုလ်ရပါမယ်။
No comments:
Post a Comment