ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဇနီးဖြစ်သူ ဆွမ်းတော်တင်လျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား?

မရပါဘူး၊ ယောက်ျားတွေ အထူး သတိပြုစရာကောင်းတဲ့ အချက်ပါပဲ။ အချို့ကတော့ ယောက်ျားဖြစ်သူ ရှားထားတဲ့ပစ္စည်းနဲ့ လှူဒါန်းတာဖြစ်တဲ့အတွက် မိန်းမလှူရင် ယောက်ျားလဲ ကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။ ပစ္စည်းကို ဘယ်သူရှာတယ် ဘယ်သူပိုင်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သေလို့ သပိတ်သွတ်တဲ့အခါ သေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့ သေသူကုသိုလ်မရပါဘူး။ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘ၀ရောက်လို့ သာဓုခေါ်နိုင်တဲ့ နေရာမှာ ရောက်နေလို့ သာဓုခေါ်မှသာ သာဓုခေါ်တဲ့ အကျိုးပတ္တာနူမောဒန ကုသိုလ်သာရပြီး အကျိုးခံစားရတယ်လို့ ကျမ်းဂန်မှာပြပါတယ်။ ဒါကိုကြည့်ရင် သူ့ပစ္စည်းကို လှူလို့ သူကုသိုလ်ရတာ မဟုတ်ပါဘူး။ အလှူခံပုဂ္ဂိုလ် လှူဖွယ်ပစ္စည်း၊ ပေးလှူတဲ့စေတနာ၊ ပေးလှူခြင်းဆိုတဲ့ ဒါန၊ အင်္ဂါလေးပါး ရှိပါတယ်။ ဒါနမှာ အရေးကြီးဆုံးဖြစ်တဲ့ စေတနာမရှိတဲ့အတွက် ကုသိုလ်မရခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment