ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် တောထွက်ရဟန်းကို ရခဲသည်။
ယင်း ၅-မျိုးမှာ -
၁။ ဆိုဆုံးမလွယ်သူ တောထွက် ရဟန်း၊
၂။ ကုသိုလ်တရားကို ကောင်းစွာယူငင် ကျင့်ကြံတတ်သူ တော်ထွက် ရဟန်း၊
၃။ ဆုံးမစကားကို အမြတ်တနိုး ခံယူတတ်သူ တောထွက် ရဟန်း၊
၎။ တရားဟောတတ်သူ တောထွက် ရဟန်း၊
၅။ ၀ိနည်းဆောင် တောထွက် ရဟန်း တို့ဖြစ်သည်။
ဆောင် - ဆုံးမ လွယ်ကာ၊ ကောင်းစွာ ယူထ၊ ဆုံးမစကား၊ လေးစား လက်ခံ၊ ဟောပြန် တရား၊ ဖြစ်ငြား ၀ိနည်းမိုရ်၊ ထိုသည့် တောထွက်၊ ရဖို့ခက်၊ ဟောမြွက် အင်္ဂုတ္တိုရ်။
ဒသမသုတ် ပြီး၏။
ရှေးဦးစွာသော နီဝရဏ၀ဂ် ပြီးပြီ။
No comments:
Post a Comment