ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 2 March 2011

၉။ ၀ုဍ်ဎပဗ္ဗဇိတသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် တောထွက်ရဟန်းကို ရခဲသည်။

ယင်း ၅-မျိုးမှာ -

၁။ သိမ်မွေ့သည့် အကြောင်းအရာကို သိသူ တောထွက် ရဟန်း၊

၂။ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသူ တောထွက် ရဟန်း၊

၃။ ပိဋကတ်ကျမ်းဂန် ဗဟုသုတနှင့် ပြည့်စုံသူ တောထွက် ရဟန်း၊

၎။ တရားဟောတတ်သူ တောထွက် ရဟန်း၊

၅။ ၀ိနည်းဆောင် တောထွက်ရဟန်းတို့ ဖြစ်သည်။

ဆောင် - သိမ်မွေ့ တစ်ခန်း၊ ရဟန်းသွင်ပြင်၊ ကြားမြင်သုတ၊ ဟောထ တရား၊ ဖြစ်ငြား၊ ၀ိနည်းမိုရ်၊ ထိုသည့် တောထွက်၊ ရဖို့ခက်၊ ဟောမြွက် အင်္ဂုတ္တိုရ်။

န၀မသုတ် ပြီး၏။

No comments:

Post a Comment