ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 March 2011

၆။ ဥပဇ္ဈာယသုတ်


ရဟန်းတစ်ပါးသည် မိမိဥပဇ္ဈာယ်ဆရာထံ ချဉ်းကပ်၍ လျှောက်ထားသည်။

“အရှင်ဘုရား ! ယခုအခါ၌ တပည့်တော် ကိုယ်ခန္ဓာ လေးလံနေပါသည်၊ တပည့်တော်မှာ အရပ် ၈-မျက်နှာတို့လည်း မထင်ရှားပါ။ (အိပ်ချင်မူးတူးဖြစ်နေ၍ အရှေ့မှန်း မသိ၊ အနောက်မှန်း မသိဖြစ်နေသည်ကို ဆိုလိုသည်)၊ သမထ၀ိပဿနာ တရားတို့လည်း မထင်ရှားပါ၊ တပည့်တော်စိတ်ကိုလည်း ထိနမိဒ္ဓ လွှမ်းမိုးနေပါသည်၊ အကျင့်မြတ်ကို မပျော်ဘဲလည်း ကျင့်နေရပါသည်၊ တရားတို့၌ ယုံမှားသံသယလည်း တပည့်မှာ ရှိနေပါသည်ဘုရား။” (ထိနမိဒ္ဓ-လေးလံထိုင်းမိုင်းမူ)

ထိုအခါ ဥပဇ္ဈာယ်ဆရာက ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် -

တပည့်အကြောင်း လျှောက်ထားသောအခါ မြတ်စွာဘုရားက -

“ရဟန်း ! သင့်စကားသည် သင်လျှောက်ထားသည့် အတိုင်းပင် မှန်ပေသည် -

၁။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ မစောင့်ရှောက်။

၂။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ ပမာဏကို မသိ။

(“ပမာဏကို မသိ” ဟူသည်မှာ - ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ ပစ္စည်းများကို သုံးဆောင်ခြင်းတည်း) နိုးကြားမူ မရှိ။

၃။ နိုးကြားမူ မရှိ။

၎။ ကုသိုလ်တရားတို့ကို မရူမှတ်။

၅။ ညဉ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများမူကို အားမထုတ်။

ဤသို့နေသော ရဟန်းမှာ ကိုယ်ခန္ဓာ ပေါ့ပါးမူမရှိဘဲ လေးလံနေတတ်သည်၊ အရပ်ရှစ်မျက်နှာတို့လည်း မထင်ရှားတတ်၊ သမထ ၀ိပသနာ တရားတို့လည်း မထင်ရှားတတ်၊ စိတ်ကိုလည်း ထိနမိဒ္ဓ လွှမ်းမိုးနေတတ်သည်၊ မြတ်သော အကျင့်ကို မပျော်ဘဲလည်း ကျင့်နေရတတ်သည်၊ တရားတို့၌ ယုံမှား သံသယလည်း ဖြစ်နေတတ်သည်။

ဤသို့ မိန့်တော်မူပြီး တပည့်ရဟန်းငယ်ကို ဆက်လက်မိန့်ကြားတော်မူသည်မှာ -

“ရဟန်း ! ထို့ကြောင့် သင်သည် ဤဆိုလတံ့သော နည်းဖြင့် ကျင့်ရမည် -

ငါသည် -

၁။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် စောင့်ထိန်းမည်။

၂။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ ပမာဏကို သိအောင် ကျင့်မည်။

(“ပမာဏကို သိ” ဟူသည်မှာ - ပစ္စဝေက္ခဏာ ဆင်ခြင်၍ ပစ္စည်းများကို သုံးဆောင်ခြင်းတည်း)

၃။ နိုးကြားမူ၌ ကြိုးစားအားထုတ်မည်။

၎။ ကုသိုလ်တရားတို့ကို ရူမှတ်မည်။

၅။ ညဉ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများမူကို ကြိုးစား အားထုတ်မည်။

ဤဆိုခဲ့ပြီးသည့်အတိုင်း သင်သည် ကျင့်ရမည်။”

ဤသို့ မြတ်စွာဘုရားက ဟောကြား ဆုံးမအပ်သည်ရှိသော် ထိုရဟန်းငယ်သည် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ထွက်ခွါသွားလေသည်။

ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ချဉ်းကပ်လျက် တစ်ယောက်တည်း -

၁။ သတိလည်း မလွတ်စေဘဲ၊

၂။ ကြိုးကြိုးစားစား အားထုတ်သောအခါ စိတ်တည်ငြိမ်လာသည်၊ စိတ်တည်ငြိမ်စွာဖြင့် ဆက်လက် ကြိုးစားအားထုတ်သောအခါ မကြာမီမှာပင် -

လူ့ဘောင်ခွါရှောင် ရန်းဘောင်သို့ ကောင်းစွာဝင်ရောက်ကြသော အမျိုးသားတို့ လိုလားအပ်သည့် အကျင့်မြတ်၏ အဆုံး အတုမဲ့ အရဟတ္တဖိုလ်အကျိုးကို ယခုဘ၀၌ပင် ကိုယ်တိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုဆိုက်ရောက်၍ နေရသည်(ရဟန္တာဖြစ်သွားသည်)

၎င်းပြင် “ငါ့မှာ ပဋိသန္ဓေမူလည်း ကုန်ပြီ၊ မြတ်သောအကျင့်ကိုလည်း ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုလည်း ပြုပြီးပြီ၊ မဂ်အတွက် နောက်ထပ် လုပ်စရာလည်း မရှိတော့ပြီ” ဟု ကိုယ်တိုင် သိသွားသည်၊ ထိုရဟန်းသည် ရဟန္တာစာရင်းလည်း ၀င်သွားသည်။

ထို့နောက် ရဟန္တာဖြစ်သွားသော ထိုရဟန်းသည် မိမိဥပဇ္ဈာယ် ဆရာထံသို့ ချဉ်းကပ်၍ -

“အရှင်ဘုရား ! ယခုအခါ၌ တပည့်တော်၏ ကိုယ်ခန္ဓာ မလေးလံတော့ပါ၊ တပည့်တော်မှာ အရပ်ရှစ်မျက်နှာတို့လည်း ထင်ရှားလာပါသည်၊ သမထ, ၀ိပဿနာ တရားတို့လည်း ထင်ရှားလာပါသည်၊ တပည့်တော်၏ စိတ်ကိုလည်း ထိနမိဒ္ဓ မလွှမ်းမိုးတော့ပါ၊ မြတ်သော အကျင့်ကိုလည်း ပျော်ရွှင်စွာ ကျင့်နိုင်လာပါသည်၊ တရားတို့၌လည်း တပည့်တော် ယုံမှား သံသယ မရှိတော့ပါဘုရား” ဟု လျှောက်ထားသည်။

ထိုအခါ ဥပဇ္ဈာယ်ဆရာသည် ထိုအတူနေ တပည့်ရဟန်းကိုခေါ်ကာ မြတ်စွာဘုရားထံ သွားရောက်၍ ထိုရဟန်းအကြောင်းကို လျှောက်ထားသောအခါ မြတ်စွာဘုရားက -

“ရဟန်း ! သင့်စကားသည် သင်လျှောက်ထားသည့် အတိုင်းပင် မှန်ပေသည် -

၁။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဣနြေ္ဒတံခါးပေါက်တို့၌ လုံခြုံအောင် စောင့်ရှောက် ထိန်းသိမ်းသော။

၂။ ဘောဇဉ်စသော ပစ္စည်း ၄-ပါး၌ ပမာဏကို သိသော၊

၃။ နိုးကြားမူ၌ ကြိုးစားအားထုတ်သော၊

၎။ ကုသိုလ်တရားတို့ကို ရူမှတ်သော၊

၅။ ညဉ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများမူကို ကြိုးစား အားထုတ်နေသော ရဟန်းမှာ -

ကိုယ်ခန္ဓာလည်း မလေးလံတော့၊ အရပ်ရှစ်မျက်နှာတို့လည်း ထင်ရှားသည်၊ တရားတို့လည်း ထင်ရှားသည်၊ စိတ်ကိုလည်း ထိနမိဒ္ဓ မလွှမ်းမိုးနိုင်၊ မြတ်သောအကျင့်ကိုလည်း ပျော်ရွှင်စွာ ကျင့်နိုင်သည်။ တရားတို့၌လည်း ယုံမှားသံသယ မဖြစ်တော့ပေ။

ထို့ကြောင့် ရဟန်းတို့ ! သင်တို့သည် ဤဆိုခဲ့ပြီး နည်းအတိုင်း ကျင့်ရမည်။

ဆောင် - ဣနြေ္ဒစောင့်ဘိ၊ တိုင်းရှည် သိကာ၊ ကောင်းစွာ နိုးကြား၊ တရားရူမှတ်၊ တစ်ရပ် ဗောဓိ၊ ပွားများဘိ၊ မှတ်သိ တရားထင်ရှားကြောင်း။

ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment