
glitter-graphics.com
လူကြိုက်များတယ်ပြဇာတ်ရုံတစ်ခုတွင်
ပရိတ်သတ် - ရှင်တို့ ပြဇာတ်ရုံဟာ ဒီလိုပဲ အမြဲတမ်း လူရှင်း နေသလား
ပြဇာတ်မှလူ - မဟုတ်ပါဖူးဗျာ ၊ ပြဇာတ်ကပြနေတဲ့ အချိန်မှပါ ။
ကြီးလာရင်
အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို
ခြောက်နှစ်သား သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
အမေ - သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်
သား - ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား
ဟင် …
နာမည်ကြီးစာရေးဆရာ
မိန်းမ - ရှင် ၀တ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား
ယောက်ျား - စိတ်မပါသေးဘူးကွာ.
မိန်းမ - သြော်…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ
ယောက်ျား -
ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားက
လက်ပူးလက်ကြပ်မိသွားသည် ။
ရဲသား - မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ
သူခိုး - ကျတော့အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်း
ခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး အကြာကြီး မသွားချင်လို့ပါ….
စိတ်ဝင်စားစရာ
ပင်ဂွင်းဌက်ကိုပိုက်လျက် လူတစ်ဦး လမ်းလျှောက်လာသည် ။
ရဲသားတစ်ဦးကို တွေ့သည်နှင့် မေးလိုက်သည် ။
"ကျေးဇူး ပြုပြီး ပင်ဂွင်းဌက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာ
အကြံပေးစမ်းပါဦးဗျာ"
"တိရိစ္ဆာန်ရုံ ပို့လိုက်ပေါ့ဗျာ"
နောက်တစ်နေ့တွင် ပင်ဂွင်းဌက်ကို ပိုက်လျက် ထိုသူကိုရဲသားက
တွေ့ပြန်သည် ။"ဘယ်လိုလဲ ၊ တိရိစ္ဆာန်ရုံ ရောက်ခဲ့ရဲ့ လား"
"ဟုတ်ကဲ့ ၊ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ ၊ ဒီနေ့ သူ့ကို
ရုပ်ရှင်လိုက်ပြမယ်"
စိတ်မဆိုးနဲ့တော့
၃ တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို "နင်" "ငါ"
အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်
ဆရာမသည် "ဆရာမ" "ကျွန်တော်" ဟူသော စာလုံးများကို အကြိမ်၅၀ တိတိ
မောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅၀ အစား အကြိမ်
၁၀၀ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ
သုံးနှုံးပြောဆိုရမည်ကို
မောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်
"မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး"
"ဟုတ်တယ် ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်"
တံခါးမှားခေါက်ခြင်း
ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်
ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊
"ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ" ဟု အသံမာမာဖြင့်
မေးလိုက်သည် ။
"ခင်ဗျားရဲ့  အထပ်မှာ မီးလောင်နေလို့ဗျို့ " ဟု အပြင်မှ ပြန်အော်ပြောသည်
"အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ"..
_____________________________________________________
ဘာသာရေးဗဟုသုတရှိပုံရသော...အမျိုးသမီးနှစ်ယောက်ဖြတ်သွားရင်းနဲ့....စကားပြောနေကြသည်။
ပထမအမျိုးသမီး။ ။ငါနဲ့ငါ့ယောင်္ကျားတို့လည်း ပိပလိလုလင်နဲ့ မယ်ဘဒ္ဒါ
တို့လိုပဲ ကျင့်သုံးနေကြတယ်....
ညအိပ်လို့ရှိရင်...သူကလည်းပန်းကုံးတစ်ကုံး..ငါကလည်းပန်းကုံးတစ်ကုံး..အလယ်မှာထားပြီးတော့အိပ်တယ်
မနက်ကျတော့ ပန်းကုံးတွေ မညှိုးဘူးတော်ရေ့......
ဒုတိယအမျိုးသမီး။ ။ ညည်းတော့တယ်ဟုတ်ပါလား..မြတ်သောအကျင့်ကို
နေ့စဉ်နဲ့အမျှ ကျင့်နေကြတာ ကြည်ညိုစရာပဲပေါ့။
ဒါနဲ့နေပါဦး...ညည်းတို့ အလယ်မှာထားတဲ့ ပန်းကဘာပန်းလဲ လို့
မေးတော့
ပထမအမျိုးသမီး ။ ။ ပလတ်စတစ် ပန်းတွေပါ။
ပလတ်စတစ်ပန်းတွေကို အလယ်မှာထားပြီး အိပ်မှတော့ ပန်းတွေညှိုးပါဦးမလား....
မှတ်ချက်။ ။ ပိပလိလုလင်နဲ့ မယ်ဘဒ္ဒါတို့ကတော့..တကယ့် စံပယ်ပန်းတို့
မြတ်လေးပန်းတို့တကယ်ညှိုးတတ်တဲ့ပန်းတွေကို အလယ်မှာထားပြီးတော့ အိပ်တာပါ။
ဒါပေမယ့် ပန်းတွေ မညှိုးကြပါဘူး...
__________________________________________________
ရည်းစားအလိုရှိသည်။ (for boy)
moneyပေါပေါ faceချောချောနှင့်
့hand phone တစ်လုံးလည်းရှိရမည်။
မိန်းမပီသ bodyလှရု
အချက်အပြုတ် တတ်ရမည်။
ကျွန်တော့အမိန့်နာခံ တတ်ရု
ပညာတတ်လည်း ဖြစ်ရမည်။
ထိုအချက်များ ပြည့်စုံပါက အင်းယားကန်တွင် စောင့်နေပါ။
money ပေါတာကတော့ပြောမနေ နဲ့ ဘဏ်မှာအပြည့် ........ သူများဟာ
hand phone ကတော့မောင်လေးဆော့နေကျ ဟာလေးကောက်ယူခဲ့မယ်
မိန်းမပီသတာကတော့ အားလုံးစုံတယ် ဟီးးးဟီးးး
body လှတာကတော့ပြောမနေနဲ့ တစ်နေ့ထမင်း(၅) နပ်စားတဲ့ body
အိမ်မှာ အမြဲ ကြက်ဥ ကြော်နေကြ
အမိန့်နာခံတဲ့နေရာမှာ သူမတူအောင်ထူးတယ် ..... ဒါတော့တွေ့ရင်သိမှာပေါ့
အခုဆို နောက်ဆုံးနှစ် ဒီနှစ်ပြီးရင်မဖြေတော့ဝူးးး (၇ တန်း ၇ နစ်မြောက်)
.......................................
ကဲဘာလိုသေးလဲ ok တယ်မလား အင်းယားကန် အ၀င် ၃ခုံမြောက်မှာ
စောင့်နေမယ်......
ကျွန်တော်ကတော့ lazyriuslay အတွက် ပွဲစား လုပ်ပေးတာပါ။
ဟဲ...ဟဲ
စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်...
သို./ formula
လိပ်မူး ပြီး ပေါ့................
_______________________________________________________
ပုဆိုးအောက်ကကောင်းကင်မျှော့ကြီး
မြန်မာလူမျိုးတွေမှာလူမျိုးပေါင်း ၁၃၅မျိုးရှိတယ် အဲဒီထဲကမှအဓိကဆိုပြီး
၈မျိုးခွဲထားတယ်နော်....
အဲဒီလူမျိုးတွေရဲ့ ချစ်စရာအလေ့အထလေးတွေကို ပြောပြမယ်ဗျာ
ကျွန်တော်တို့ ချောင်းသာကပြန်လာပြီးတစ်လကျော်ကျော်မှာ
အင်းလေးကိုမိသားစုလိုက်သွားလည်ကြတယ်ဗျ
အဲဒီ ရောက်တော့ အင်းသူအင်းသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးကိုမြင်တော့
စိတ်မှာအေးချမ်းသွားတယ်ဗျာ
သူတို့ ကထမင်းစားဖိတ်လို့  အင်းထမင်းအင်းဟင်းလေးလိုက်စားအုန်းမယ် လို
့စိတ်ကူးရင်းလိုက်သွားတာ...
အမှန်က ကျွန်တော် ကမာန ကြီးတယ်ဗျာ ခေါ်တိုင်းလိုက်တာမဟုတ်ဘူး
မခေါ်လဲအတင်းလိုက်စားတဲ့မာနလိုကြီးတာ
အင်းမိသားစုအိမ်ကိုရောက်လဲရောက်ရော ' ဟေ့ ပပက်လက်တွေ နှ
ုတ်ခမ်းလှန်တွေချမယ် ' လို့ အင်းသားကြီးကအော်လိုက်တော
့ကျွန်တော်တွေးလိုက်တာ ဟာ ငါတို့ တော့ ဘာတွေစားရအုန်းမလဲလို့ တွေး
လိုက်တယ် အဲဒါနဲ့ ဟင်းတွေလာချတော့ နှုတ်ခမ်းလှန် နဲ့ ပပက်လက်ဆိုတာ
ဘယ်ဟင်းကိုပြောတာလဲဗျ လို့ မေးတော့
ဒီမှာလေ မတွေ့ ဘူးလား နှုတ်ခမ်းလှန် နဲ့ ပပက်လက် ဆိုပြီး ဒန်ဇလုံ နဲ
့ပန်းကန်ပြားကိုချပြတော့မှ သူတို့ ပြောတာနားလည်သွားတယ် အင်းအသုံးအနှ
ုန်းက ပန်းကန်က ပက်လက်လေးလန်နေလို့ ပပက်လက်တဲ့ ဒန်ဇလုံက
နှုတ်ခမ်းလေးလန်နေလို့ နှုတ်ခမ်းလန်တဲ့ ဗျာ ..
' တူကြီးတို့ အားမနာနဲ့ ဝက်သားဟင်းစား နော် အားရပါးရစားနော် အားမနာနဲ့  '
ကျွန်တော်လဲ ဘယ်မှာ ၀က်သားဟင်းရှိလို့ လဲဗျ ဒီမှာလေကွာ ဆိုပြီး
ငါးပြေမဟင်းကိုလာထိုးပြတော့မှ သြော် သူတို့ ဆီမှာက ငါးပြေမကို
ရေ၀က်သားဟင်းလို့ ခေါ်တာကိုးလို့ သိလိုက်တယ်ဗျာ
အဲပြောတာပြောနေတာဇာတ်လမ်းက မစသေးဘူး
ကျွန်တော်ကောင်းကောင်းကြီးခံလိုက်ရတဲ့
ပုဆိုးအောက်ကမျှော့ကြီးအကြောင်းကိုပြောပြမယ်
ကျွန်တော် စားသာစားနေတာ တို့ စရာမပါတော့ သိပ်မစားတတ်ဘူးဗျာ အဲဒါနဲ့ 
ဦးလေးရေ တို့ စရာလေးရှိရင်ပေးပါအုန်းဗျ လို့ တောင်းလိုက်တော့
ပုဆိုးကိုလှန်လိုက်ကောင်းကင်မျှော်ကြီးရှိတယ် လို့ ပြောတော့
စားလက်စတန်းလန်းကျွန်တော်ခင်ဗျာ နင်မတတ်ဖြစ်သွားတယ် ' ပုဆိုးလှန်လိုက်
ရင် ကောင်းကင်မျှော့ကြီး ၊ ကောင်းကင်မျှော် ဆိုတော့
မိုးပေါ်ကိုထောင်နေမှာပေါ့နော် ' ပြီးတောင်တွေးမြောက်တွေးပြီး
' ဦးကြီးရယ်မနောက်ပါနဲ့ ဗျာ '
'မနောက်ဘူး တကယ်ပြောတာ ပုဆိုးလှန်လိုက် တောင့်တောင့်တင်းတင်း
ကောင်းကင်မျှော်ကြီးရှိတယ် ' ဆိုပြီးစိတ်မရှည်တဲ့ ပုံစံနဲ
့ပုဆိုးကိုကောက်လဲလှန်လိုက်ရော ပုဆိုးအောက်က
ရုံးပသေသီးတွေထွက်လာပါလေရောဗျာ အမှန်က သူတို့ ဆီမှာ စောင်ကို ပုဆိုး
ရုံးပသေသီး ကို ကောင်းကင်မျှော်ကြီးလို့ ခေါ်တယ်ဗျ ကျွန်တော်က
မသိတော့တောင်တွေးမြောက်တွေးတွေး ပြီး အဟီး
ပုဆိုးအောက် က ..... ကောင်းကင်မျှော် ကြီး ဆိုပြီး ဘာမဆိုင်ညာမဆိုင်
ဘာညာသွားတွေးလိုက်သေးတယ်
အဲဒီအချိန်မှာ ပဲ အင်းသားကြီးက သူအိမ်သားတွေကိုအော်ပြောလိုက်တာ
' အမိတို့ ရေ လာကြည့် စမ်း မြို့ ကလာတဲ့ လူတွေ စောက်ရမ်းဆောင့်ရမ်း
စားနေတယ်ကွ ၀မ်းသာစရာပဲ '
ဆိုတဲ့အသံအပြီး ကျွန်တော်ရဲ့ တစ်ပေါက်ထဲသောအပေါက်ကထွက်လာတဲ့ အသံကတော့ဗျာ
" အွန်''
No comments:
Post a Comment