လူတစ်ယောက်သေရင် ဘ၀ငါးမျိုးကို ရောက်နိုင်ပါတယ်။ ၁-ငရဲ၊ ၂-တိရစ္ဆာန်၊ ၃-ဗြိတ္တာ၊ ၄-လူ့ဘ၀၊ ၅-နတ်ပြည်ဆိုတဲ့ ဘ၀ငါးမျိုးကို ရောက်နိုင်ပါတယ်။ ဒီဘ၀ ငါးမျိုးအနက် ပြိတ္တာဘ၀ရောက်နေမယ်ဆိုရင် ကျန်တဲ့ ဆွေမျိုးသားချင်းတွေက ကုသိုလ်ပြုပြီး အမျှပေးဝေရင် အဲဒီဆွေမျိုး ပြိတ္တာတွေ ကြားသိပြီး သာဓုခေါ်နိုင်ရင် ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကောင်းရာသုဂတိ ရောက်နိုင်ပါတယ်။
ကိုယ့်ရဲ့ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေဟာ ပြိတ္တာဘ၀ရောက်မယ် မရောက်ဘူးဆိုတာဟာ အတတ်မပြော နိုင်ပေမယ့် တကယ်လို့များ ရောက်နေခဲ့သော် ကုသိုလ်အဖို့ကိုရပြီး ကောင်းရာသုဂတိ ရောက်ပါစေဆိုတဲ့ စေတနာစိတ်ထားနဲ့ ကုသိုလ်ကောင်းမှုပြုပြီးတိုင်း မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှပေးဝေရပါမယ်။ ဒါကြောင့် သိင်္ဂါလောဝါဒသုတ် သားသမီးကျင့်ဝတ် ငါးပါးထဲမှာ အလှူဒါနပြုပြီးတိုင်း ကွယ်လွန်သူ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးတွေကို အမျှဝေရမယ်လို့ ဘုရားရှင်က ဟောထားပါတယ်။ ဒါနပြုပြီးတိုင်း ဆွေမျိုးပြိတ္တာတွေ အမျှဝေပေးကြပါ။
No comments:
Post a Comment