Thursday, 23 September 2010

ပတ္တိဒါန မျှပေးဝေပြီး ဘာဆက်လုပ်ပါသလဲ?

အမျှပေးဝေပြီးရင် မိမိကဲ့သို့ ကုသိုလ်ကောင်းမူပြုပြီး အမျှပေးဝေတဲ့ သူတော်ကောင်းတွေ ရှိတယ်။ အဲဒီ သူတော်ကောင်းတွေ ပေးဝေတဲ့ ပတ္တိဒါန အမျှဝေတဲ့ ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓု အနူမောဒနာ ခေါ်ရမယ်။ ဒီလိုသာဓု အနူမောဒနာ ခေါ်တာကို ပုညကြိယာ ၀တ္ထု ၁၀-ပါးထဲမှာ ပတ္တာအနူမောဒနာလို့ ခေါ်ပါတယ်။ အခု သူတစ်ပါးပြုတဲ့ ကုသိုလ်အဖို့ကို သာဓုခေါ်တဲ့အတွက် မူလကုသိုလ် ပြူသူနဲ့အတူ ကုသိုလ်ထပ်ရပါတယ်။

No comments:

Post a Comment