မုန့်၊ သစ်သီးတွေ လှူတာကတော့ ဥပုသ်စောင့်တာနဲ့ မဆိုင်ပါဘူး၊ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ဘာသာရေးအခြေ ခံ လုပ်ငန်းကြီး သုံးခုရှိတဲ့အထဲမှာ သီလဆောက်တည်ပြီး မေတ္တာဘာဝနာ အနုဿတိ ဘာဝနာတွေကို ပွားများခွင့်ရပြီးတာကြောင့် ဒီလိုသီလဘာဝနာ ကုသိုလ်ပြုတဲ့နေ့မှာ ဒါနလဲ ပြုသင့်တယ်ဆိုပြီး သစ်သီး မုန့်စသည့် လှူဒါန်းတာပဲ ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းမှာ သီလသွားယူမှာဖြစ်တော့ ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ ကျောင်းကိုသွားတဲ့အခါမှာ လှူဖွယ်ပစ္စည်းတစ်ခုခုပါမှ သွားတဲ့ အလေ့အထ အရလဲ ဖြစ်တယ်။
No comments:
Post a Comment