ဝိသုဒ္ဓိမဂ် အဋ္ဌ
၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတဲ့ အကြောင်းထဲမှာ နောက်ဆုံးသိက္ခာပုဒ်အရ ရွှေ၊ ငွေကိုမကိုင် ခံရဘူး။ ကိုယ့်အိမ်မှာ သိမ်းထားတာ ရှိနေရင်တောင် ၁၀-ပါးသီလကို စောင့်လို့မရဘူးလို့ အယူအဆ လွဲမှားကြတဲ့အတွက် ၁၀-ပါးသီလကို အမြဲ မစောင့်နိုင်ကြတာ ဖြစ်တယ်။
၁၀-ပါးသီလဟာ အမြဲစောင့်ရတဲ့ နိစ္စသီလ မဟုတ်ဘူး။ တတ်နိုင်သလောက် ၁-ရက်၊ ၂-ရက်၊ ၃-ရက်လဲ စောင့်လို့ရပါတယ်။ ဒီလိုရံဖန်ရံခါ တတ်နိုင်သလောက် စောင့်တဲ့ သီလကို နိယမသီလလို့ ခေါ်တဲ့အကြောင်း အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။ ပြီးတော့ ၁၀-ပါးသီလ စောင့်သူဟာ အဲဒီစောင့်တဲ့နေ့မှာ ရွှေ၊ ငွေကို မကိုင် မခံ မရောင်းမ၀ယ်ရင် ပြီးတာပဲ။ အိမ်က ရွှေ၊ ငွေတွေကို လုံးဝစွန့်ပစ်ဖို့ မလိုတဲ့အကြောင်း ယုတ္တိအကိုး သာဓကတွေနဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရက မဟာဗုဒ္ဓ၀င် အနူဒီပနီမှာ အကျယ်ဆုံး ဖြတ်ထားပါတယ်။
ဒါကြောင့် ၁၀-ပါးသီလဟာ အမြဲမဟုတ်ဘဲ ရံဖန်ရံခါလဲ စောင့်လို့ရပါတယ်။ အိမ်က ရွှေ၊ ငွေတွေကို မစွန့်ဘဲလဲ စောင့်လို့ရတယ်လို့ မှတ်ပါ။
No comments:
Post a Comment