ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

လူတွေစောင့်သုံးရမယ့် မဟဌသီလထဲမျာ ၁၀-ပါးသီလပါပါလျက် အခုခေတ်လူတွေက ဘာဖြစ်လို့ မစောင့်ကြတော့သလဲ ?


ဝိသုဒ္ဓိမဂ် အ
ကထာမှာ ရိုးရိုးလူတွေ အမြဲစောင့်တဲ့ သီလအနေနဲ့ ငါးပါးသီလ၊ စွမ်းနိုင်ရင် ၁၀-ပါးသီလ ဥပုသ်နေ့မှာ ဥပုသ်သီလကို စောင့်သုံးရမယ်လို့ ပြောတယ်။ အဲဒီမှာ စွမ်းနိုင်ရင် ၁၀-ပါးသီလကိုလဲ အမြဲစောင့်ရမယ်လို့ အဓိပ္ပာယ်ကောက်ယူမှားကြပြီး ၁၀-ပါးသီလ မစောင့်ကြတာဖြစ်တယ်။

၁၀-ပါးသီလကို အမြဲမစောင့်နိုင်ကြတဲ့ အကြောင်းထဲမှာ နောက်ဆုံးသိက္ခာပုဒ်အရ ရွှေ၊ ငွေကိုမကိုင် ခံရဘူး။ ကိုယ့်အိမ်မှာ သိမ်းထားတာ ရှိနေရင်တောင် ၁၀-ပါးသီလကို စောင့်လို့မရဘူးလို့ အယူအဆ လွဲမှားကြတဲ့အတွက် ၁၀-ပါးသီလကို အမြဲ မစောင့်နိုင်ကြတာ ဖြစ်တယ်။

၁၀-ပါးသီလဟာ အမြဲစောင့်ရတဲ့ နိစ္စသီလ မဟုတ်ဘူး။ တတ်နိုင်သလောက် ၁-ရက်၊ ၂-ရက်၊ ၃-ရက်လဲ စောင့်လို့ရပါတယ်။ ဒီလိုရံဖန်ရံခါ တတ်နိုင်သလောက် စောင့်တဲ့ သီလကို နိယမသီလလို့ ခေါ်တဲ့အကြောင်း အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။ ပြီးတော့ ၁၀-ပါးသီလ စောင့်သူဟာ အဲဒီစောင့်တဲ့နေ့မှာ ရွှေ၊ ငွေကို မကိုင် မခံ မရောင်းမ၀ယ်ရင် ပြီးတာပဲ။ အိမ်က ရွှေ၊ ငွေတွေကို လုံးဝစွန့်ပစ်ဖို့ မလိုတဲ့အကြောင်း ယုတ္တိအကိုး သာဓကတွေနဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရက မဟာဗုဒ္ဓ၀င် အနူဒီပနီမှာ အကျယ်ဆုံး ဖြတ်ထားပါတယ်။

ဒါကြောင့် ၁၀-ပါးသီလဟာ အမြဲမဟုတ်ဘဲ ရံဖန်ရံခါလဲ စောင့်လို့ရပါတယ်။ အိမ်က ရွှေ၊ ငွေတွေကို မစွန့်ဘဲလဲ စောင့်လို့ရတယ်လို့ မှတ်ပါ။

No comments:

Post a Comment