ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

ဥပုသ်စောင့်တဲ့အခါ ငှက်ပျောသီး၊ မုန့်စတဲ့ ပစ္စည်းဝတ္ထုတွေကို ဘာဖြစ်လို့ လှူရသလဲ ?


မုန့်၊ သစ်သီးတွေ လှူတာကတော့ ဥပုသ်စောင့်တာနဲ့ မဆိုင်ပါဘူး၊ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ဘာသာရေးအခြေ ခံ လုပ်ငန်းကြီး သုံးခုရှိတဲ့အထဲမှာ သီလဆောက်တည်ပြီး မေတ္တာဘာဝနာ အနုဿတိ ဘာဝနာတွေကို ပွားများခွင့်ရပြီးတာကြောင့် ဒီလိုသီလဘာဝနာ ကုသိုလ်ပြုတဲ့နေ့မှာ ဒါနလဲ ပြုသင့်တယ်ဆိုပြီး သစ်သီး မုန့်စသည့် လှူဒါန်းတာပဲ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းမှာ သီလသွားယူမှာဖြစ်တော့ ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ ကျောင်းကိုသွားတဲ့အခါမှာ လှူဖွယ်ပစ္စည်းတစ်ခုခုပါမှ သွားတဲ့ အလေ့အထ အရလဲ ဖြစ်တယ်။

No comments:

Post a Comment