ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 September 2010

ဘုရားရှင်နဲ့ သံဃာတော်တွေကို ဘာဖြစ်လို့ ကိုးကွယ်နေကြသလဲ?


ဒီနေရာမှာ ကိုးကွယ်နဲ့ အားကိုးဆိုတဲ့ မြန်မာစကားနှစ်လုံးကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ အားကိုးတယ် ဆိုတာက သူ့ဆီမှာ တစ်စုံတစ်ရာရဖို့ မျှော်မှန်းတာဖြစ်တယ်။ ကိုးကွယ်တယ်ဆိုတာက သူ့ရဲ့ ကျေးဇူးဂုဏ်တော်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုတာ ပူေ၏ဇ်ာတာ ဖြစ်ပါတယ်။

လူတွေအားကိုး အားထားပြုရတဲ့ တရားတွေဟာ ဘုရားရှင်ရဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။ ဒီတရားမှန်တွေကို ဟောပြောပြသခဲ့တဲ့ ကျေးဇူးရှင်ဖြစ်လို့ အဲဒီကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုခြင်း ပူဖော်ကိုးကွယ်ခြင်းတွေ ဖြစ်တယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေဟာ သံဃာတော်တွေသာ အဆက်ဆက် မဆောင်ရွက်ခဲ့ဘူးဆိုရင် အခုသာသနာ ၂၅၀၀-ကျော်အထိ တည်တဲ့နေမှာ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေ အရှည်တည်တံ့အောင် သင်အံလေ့ကျက်ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်နေတဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး သံဃာတော်တွေကို ကိုးကွယ်ရခြင်း၊ ပူဇော်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် ရတနာသုံးပါးအနက်က ဘုရားရတနာနဲ့ သံဃာရတနာဟာ ကိုးကွယ်ရာ ပူဇော်ရာသာ ဖြစ်ပါတယ်။ အားကိုးရာ မဟုတ်ပါဘူး၊ တရားရတနာကတော့ ကိုးကွယ်ရာ ပူဇော်ရာလဲ ဟုတ်ပါတယ်၊ အားထားရာ ပူဇော်ရာလဲ ဟုတ်ပါတယ်၊ အားထားရာ လက်တွေ့ကျင့်ကြံအားထုတ်ရာလဲ ဟုတ်တယ်လို့ ခွဲခြား နားလည်ရပါမယ်။

No comments:

Post a Comment