ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 18 September 2010

တရားတော်ကို ဘုရားရှင်ကိုယ်တိုင်က အလေးအမြတ် ပူဇော်ရတယ်ဆိုတာ မှန်ပါသလား?


မှန်ပါတယ်။ ဘုရားရှင်ဟာ သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထွင်း သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မှုတဲ့အခါ ဘုရားရှင်က ရိုသေလေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်မှ မရှိတော့ဘူး။ တစ်စုံတစ်ခုကို အလေးမပြုဘဲ နေရတာ ပေါ့လျှံလျှံ ဖြစ်နေတဲ့အတွက် “ငါရိုသေလေးစားရမယ့် ပုဂ္ဂိုလ်တော့ မရှိတော့ဘူး။ ငါသိပြီးတဲ့ တရားတွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်နေရရင် ကောင်းမှာပဲ” လို့ အကြံတော်ဖြစ်ပြီး ဘုရားရှင်ဟာ တရားတော်ကို ရိုသေလေးစား မြတ်နိုးပူဇော်နေပါတယ်။

No comments:

Post a Comment