ဒီမေးခွန်းမျိုးကို ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်မှာ ပုဏ္ဏားတစ်ယောက်က မေးဖူးတယ်။ အဲဒီတော့ ဘုရားရှင်က တရားတော်ကို ပူဇော်ချင်ရင် တရားတော်တွေကို သင်အံ့ဆောင်ရွတ်တတ်သိတဲ့ ပုဂ္ဂိုလ်ကို ပူဇော်ရမယ်လို့ ဟောပါတယ်။
ဒါကြောင့် သံဃာတော်တစ်ပါးကို ပူဇော်ထိုက်တာဟာ ဒီသံဃာတော်ရဲ့ သန္တာန်မှာ ကိန်းဝပ်နေတဲ့ တရားတော်ကို ပူဇော်ရာလဲ ရောက်တယ်။ တရားတော်တွေဟာ ဘုရားကိုယ်စား ဖြစ်တယ်ဆိုတော့ ဘုရားရှင်ကိုလဲ ပူဇော်ရာ ရောက်ပါတယ်။ ဒါကြောင့် သံဃာတစ်ပါးကို ရှိခိုးပူဇော်တာဟာ ရတနာသုံးပါးကို တစ်ပြိုင်တည်း ရှိခိုးပူဇော်ရာ ရောက်တယ်လို့ မှတ်သားနိုင်ပါတယ်။
No comments:
Post a Comment