ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 19 September 2010

ဂရုဏ၊ မုဒိတာ၊ ဥပေက္ခာဆိုတာ ဘာလဲ?

သူတပါးရဲ့ အကျိုးစီးပွားကို လိုလားခြင်း။ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခိတသတ္တ၀ါတွေကို ဒုက္ခာမုစ္စန္တု-ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေလို့ ပွားများတာကို ကရုဏာ သနားကြင်နာခြင်းလို့ ခေါ်ပါတယ်။

ချမ်းသာကြွယ်ဝပြီး နေမှု၊ စားမှု အဆင်ပြေနေတဲ့ သုခိတသတ္တ၀ါတွေကို အာရုံပြုပြီး ယထာ လဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု-ရပြီးတဲ့ စည်းစိမ် ဥစ္စာတွေ တည်မြဲပါစေလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေတာကို မုဒိတာ-သူတပါး ချမ်းသာနေတာကို ၀မ်းမြောက်ခြင်းလို့ခေါ်တယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ခုခုမဖြစ်ဘဲ သတ္တ၀ါတွေ အပေါ်မှာ ကမ္မသကာ=ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိကြတယ်လို့ ကမ္မသကာချတတ်တဲ့ သဘောကို ဥပေက္ခာလို့ ခေါ်ပါတယ်။

No comments:

Post a Comment