ရပါတယ်။ သဗ္ဗေ သတ္တာ သတ္တ၀ါအားလုံး ဆိုတဲ့အထဲမှာ ပိုးမွှားတိရစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး ပါဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းဆုံးနဲ့ အထိရောက်ဆုံး မေတ္တာပို့ချင်ရင် သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာကြပါစေလို့ ပို့ရမယ် သတ္တာဝါအားလုံး ဘေးရန်ကင်း ပါစေလို့ တစ်မျိုးတည်း၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ချမ်းသာပါစေ ဆိုတာတွေကို တစ်မျိုးစီပဲ ပို့လို့ရပါတယ်။
သတ္တ၀ါအားလုံးလို့ ဆိုတဲ့အခါ ပိုးမွှားတိရစ္ဆာန် လူနတ် ဗြဟ္မာတွေကို အာရုံထဲမှာပေါ်အောင် ကြိုးစားရမယ်။ ဒီသတ္တ၀ါတွေ အပေါ်မှာ တကယ်လဲ ဘေးရန်ကင်းကွာ ချမ်းသာစေလိုတဲ့ စိတ်စေတနာ ရှိရမယ်။ ဟိုကြည့် ဒီကြည့် စိတ်က တောင်ရောက် မြောက်ရောက် လျှောက်ဆိုနေရင်၊ အဖွဲ့လိုက် မေတ္တာပို့တဲ့အခါ အများနဲ့ ရောယောင်ဆိုသွားရင်တော့ မေတ္တာပို့တာ မဟုတ်ဘဲ မေတ္တာပို့ ရွတ်ဖတ်တာ ဖြစ်နိုင်ပါတယ်။ မေတ္တာပို့တယ်ဆိုတာဟာ စိတ်လုပ်ငန်း သမာဓိလုပ်ငန်း ဖြစ်တဲ့အတွက် စိတ်စေတနာပါပါနဲ့ မေတ္တာပို့ အစစ်ဖြစ်ဖို့ အရေးကြီးပါတယ်။
အချိန်ရလို့ မေတ္တာကို များများ ကြာကြာ ပွားများချင်တယ်ဆိုရင် အထက်ပါအတိုင်း သတ္တ၀ါအားလုံး ချမ်းသာပါစေဆိုတာ အကြိမ်ကြိမ် အထပ်ထပ် ပွားများပေးပါ၊ ပြီးတော့ မိမိ အထူးမေတ္တာပို့သင့်တဲ့ ပုဂ္ဂိုလ်တွေကို အမည်ဖ်ာပြီးပို့ပါ။ ဒါ အကျဉ်းဆုံးနဲ့ အထိရောက်ဆုံး မေတ္တာပို့နည်းပါပဲ။

Wednesday, 22 September 2010
ငါးရာနှစ်ဆယ့်ရှစ်မေတ္တာ အကုန်မပွားဘဲနဲ့ အကျဉ်းချုပ်ပွားလို့ ရပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment