အချို့ပုဂ္ဂိုလ်တွေက သတ္တ၀ါတွေလို့ ခေါ်မှ၊ အချို့ ပါဏ ဘူတ ပုဂ္ဂလ စသည်ခေါ်မှ ယောကျာ်း မိန်းမ အကြီးအငယ် အပိန်အ၀ စသည်ဖြင့်ခေါ်မှ မေတ္တာပို့တဲ့ သတ္တ၀ါတွေကို ဥာဏ်ထဲမှာ ထင်တယ်။ ပုဂ္ဂိုလ်အမျိုးမျိုးရဲ့ ဥာဏ်အမြင်ပေါက်မှု အမျိုးမျိုးရှိလို့ သတ္တ၀ါတွေကို အမျိုးမျိုးခေါ်ထားတယ်။ မေတ္တာပို့မယ့်လူတွေက ကြိုက်ရာ ပုဂ္ဂိုလ်အမည်ကိုခေါ်ပြီး မေတ္တာပို့နိုင်အောင်လို့ အမျိုးမျိုး ပြထားတယ်။ ဒါကြောင့် ပုဂ္ဂိုလ်သတ္တ၀ါတွေရဲ့ နာမည်မျိုးစုံတွေကိုခေါ်ပြီး မေတ္တာမပို့ဘဲ သတ္တာဝါအားလုံး ပို့ပို့၊ ပုဂ္ဂိုလ်အားလုံး ပို့ပို့၊ ယောက်ျား၊ မိန်မ ၊ အားလုံး စတဲ့ တစ်ခုခုကိုခေါ်ပြီးး မေတ္တာပို့ရင်လဲပြီးပါတယ်။ ဒါကြောင့် ရှေးဆရာတော်ကြီးတွေက အောက်ပါအတိုင်း သတ္တ၀ါတွေကို ကုန်းနေ၊ ရေနေ၊ ကောင်းကင်နေ သုံးမျိုးခွဲပြီး မေတ္တာပို့ကြပါသေးတယ်။ ဗုဒ္ဓဘာသာတွေ အရများတဲ့ မေတ္တာပို့ဖြစ်လို့ ဖော်ပြလိုက်ပါတယ်။
ဥဒ္ဓံ ယာဝ ဘ၀ဂ္ဂါစ၊ အဓော ယာဝ အ၀ီစိတော။
သမန္တာ စက္ကာဝါဠေသု ယေသတ္တာ။
(ပထ၀ီစရာ)၊ အဗျာပဇ္ဇာ နိဝေရာစ၊ နိဒုက္ခာစ နူပ္ပဒ္ဒ၀ါ။
အထက်ဘ၀ဂ်၊ အောက်အ၀ီစိ၊ အတွင်းစကြ၀ဠာရှိ (ကုန်းနေ) သတ္တ၀ါအားလုံး ကြောင့်ကြကင်းပါစေ၊ ဘေးရန်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ဥပဒ်ကင်းပါစေ။
ပါဠိပထ၀ီစရာနေရာမှာ ဥဒကေစရာလဲပြီး မြန်မာ ကုန်းနေသတ္တ၀ါနေရာမှာ ရေနေသတ္တ၀ါ အစားသွင်းပြီး ရေသတ္တ၀ါတွေကို မေတ္တာပို့ပါ။
ပထ၀ီစရာနေရာမှာ အာကာသေစရာလဲပြီး ကုန်းနေ သတ္တ၀ါနေရာမှာ ကောင်းကင်နေသတ္တ၀ါလို့ ပြောင်းကာ ကောင်းကင်သတ္တ၀ါကို မေတ္တာပို့ပါ။

Monday, 20 September 2010
မေတ္တသုတ်နဲ့ ပဋိသမ္ဘိဒါမဂ် ဘာဖြစ်လို့ ပုဂ္ဂိုလ်တွေ တစ်မျိုးစီဟောသလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment