ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 September 2010

ကိုယ်တိုင် ကောင်းမှုမပြုဘဲ သာဓုခေါ်ရုံနဲ့ ကုသိုလ်ဝေစု ရနိုင်ပါ့မလား?

ရနိုင်ပါတယ်။ သီလာနိသံသဇာတ်မှာ သူတော်စင် ကုန်သည်ကြီးနဲ့ တပည့် နှာပိတဟာ သင်္ဘောပျက်ပြီး ပင်လယ်ထဲ ကျွန်းတစ်ခုပေါ် ရောက်နေရာမှ အရိယာကုန်သည်ကတော့ ဥပုသ်စောင့်  မေတ္တာပို့ပါတယ်။ နှာပိတကတော့ လိပ်ဥ ငှက်ဥတွေ ရှာစားနေတယ်။ နဂါးမင်းက လှေတစ်စင်း ဖန်ဆင်းပြီး သူတော်ကောင်း ကုန်သည်ကို ခေါ်တယ်။ ငှက်ဥ လိပ်ဥစားတဲ့ တပည့်ကိုတော့ မခေါ်နိုင်ဘူးလို့ ပြောပါတယ်။ ဒီအခါ ကုန်သည်က သူ့ရဲ့ ကုသိုလ်အဖို့ကို အမျှအတမ်းပေးဝေတယ်။ တပည့်က သာဓုခေါ်တယ်။ ဒီတော့မှ နဂါးမင်းက တပည့် နှာပိတကိုလဲ လှေပေါ်တက်လိုက်ခွင့် ပြုပါတယ်။

ဝိသာခါ ကျောင်းအမကြီး ပုဗ္ဗာရုံကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းပြီးတဲ့အခါ အမျှဝေတယ်။ အမျိုးသမီးတစ်ဦးဟာ ၀မ်းမြောက် ၀မ်းသာ အနူမောဒနာခေါ်တယ်။ သေတော့ နတ်ပြည်မှာ ခမ်းနား ကြီးကျယ်တဲ့ ဗိမာန်ကြီးပိုင် နတ်သမီး သွားဖြစ်တယ် အနူရုဒ္ဓါနတ်ပြည်ရောက်လို့ ဘာဖြစ်လို့ ဒီလို ခမ်းနားကြီးကျယ်တဲ့ ဗိမာန်ပိုင်ရှင်ဖြစ်ရသလဲ မေးတဲ့အခါ ၀ိသာခါရဲ့ ကျောင်းအလှူ အမျှဝေတဲ့အခါ သာဓုခေါ်ခဲ့ရလို့ ဖြစ်ကြောင်း လျှောက်ထားပါတယ်။

ဒါကြာင့် အမျှဝေလို့ ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ရင် ကုသိုလ်ဝေစုကို ရနိုင်တယ်။ အကုန်အကျမများ၊ အလုပ်မပင်ပန်းဘဲ အလွယ်တကူ ကုသိုလ်ရနိုင်တဲ့ သာဓုခေါ်ခြင်း လုပ်ငန်းကို ယုံယုံကြည်ကြည် ပြုလုပ်သင့်ကြပါတယ်။

No comments:

Post a Comment