ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 September 2010

ပုတီးစိပ်တယ်ဆိုတာ ဘာလဲ?

ပုတီးစိပ်တယ်ဆိုတာ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိရဖို့အတွက် ပြင်ပအာရုံတွေကို စိတ်မရောက်စေဘဲ ကမ္မဌာန်းအာရုံတစ်ခုမှာ စိတ်ကိုတည်ငြိမ်နေအောင် ပွားများတာ ဖြစ်ပါတယ်။ ဒီလို ပွားများနေတဲ့ နေရာမှာ စိတ်ဆိုတာက ဖမ်းချုပ်ဖို့ခဲယဉ်းတယ်။ အလွန်လျင်မြန်တယ်။ ပြင်ပအာရုံတွေကို ဖြန့်ပြီး ကျက်စားတတ်တယ်။ ဒီစိတ်ကို ထိန်းဖို့ခက်တော့ ရုပ်ဝတ္ထုဖြစ်တဲ့ ပုတီးရဲ့ အကူအညီယူပြီး စိတ်ကို တည်ငြိမ်အောင် လုပ်ရတယ်။ ဒါကို ပုတီးစိပ်တယ်လို့ ခေါ်ပါတယ်။

No comments:

Post a Comment