ရှိပါတယ်။ ဓမ္မပဒ သုမနသာမဏေ၀တ္ထုမှာ ပြထားပါတယ်။ အန္နဘာရဟာ သုမနသူဋ္ဌေးအိမ်မှာ မြက်ထမ်းသမား တစ်ယောက် ဖြစ်ပါတယ်။ အန္နသာရဟာ မြက်ထမ်းသွားရင်း ဥပရိဌပစ္စေက ဗုဒ္ဓါကို တွေ့ပါတယ်။ ဆွမ်းလောင်းပြီး ဆုတောင်းတဲ့အခါ သုမနသူဋ္ဌေး အိမ်မှာစောင့်တဲ့ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ပါတယ်။ သုမန သူဌေးကလဲ ကုသိုလ်မြဲသူ ဖြစ်ပါတယ်။ သာဓု ခေါ်သံကြားတော့ သုမနသူဌေးက သူ့ကောင်းမှုကို သာဓုခေါ်တယ်ထင်ပြီး ခါတိုင်းကောင်းမှုပြုတာ သာဓုမခေါ်ဘဲ အခုမှ ဘာဖြစ်လို့ သာဓုခေါ်သလဲလို့ မေးပါတယ်။
ထီးချက်စောင့်နတ် သူဋ္ဌေးရဲ့ ကောင်းမှုကို သာဓုခေါ်တာ မဟုတ်၊ အန္နဘာရ မြက်ထမ်းသမားရဲ့ ကောင်းမှုကို သာဓုခေါ်တဲ့အကြောင်း ပြောပြပါတယ်။ သုမနသူဋ္ဌေးက မြက်ထမ်းသမားကို ခေါ်မေးပြီး ဒီကုသိုလ်ကို သူ့ကိုရောင်းဖို့ ပြောပါတယ်။ မြက်ထမ်းသမားက မရောင်းဘူး။ ဒါဖြင့် အမျှဝေပါလို့ ပြောတော့ မြက်ထမ်းသမားဟာ ပစ္စေကဗုဒ္ဓါဆီလိုက်ပြီး အမျှပေးဝေလိုက်လျှင် သူ့မှာ ကုသိုလ်လျော့ သွားမလားလို့ မေးပါတယ်။ ပစ္စေကဗုဒ္ဓါက အိမ်တစ်အိမ်က ဆီမီးတိုင်ကို ကျန်အိမ်တွေက လာညှိထွန်းတဲ့အတွက် မူလမီးတိုင်မှာ အလင်းမလျော့ဘဲ အလင်းတွေ ပွားလာသလိုပါပဲ အမျှဝေလို့ ဝေသူမှာ ကုသိုလ်မလျော့ဘဲ သာဓုခေါ်သူမှာ ကုသိုလ်ရကြောင်း ဟောလိုက်တော့ ကုသိုလ်ကို မျှဝေပါတယ်။ သုမနသူဋ္ဌေးက ငွေ ၁၀၀၀ိ ပေးပါတယ်။ မြက်ထမ်းသမားက ကုသိုလ်ကို ရောင်းစားတာ မဟုတ်၊ စေတနာနဲ့ ပေးဝေခြင်းဖြစ်လို့ ငွေမယူလိုကြောင်း ပြောတော့ သူဋ္ဌေးကလဲ ကျေးဇူးတင်လို့ ပူဇော်တဲ့အနေနဲ့ ပေးတာဖြစ်တယ်လို့ ပြောပါတယ်။ အခြားသူဋ္ဌေးတွေက ကုသိုလ်ကို သာဓုခေါ်ပြီး ငွေတွေ ပေးလိုက်ကြတာ မြက်ထမ်းသမားဟာ သူဋ္ဌေးတောင် ဖြစ်သွားပါတော့တယ်။

Wednesday, 22 September 2010
ပြုလုပ်ထားတဲ့ ကုသိုလ်ကို အမျှဝေလို့ရတယ်။ လျော့မသွားဘူး၊ သာဓုခေါ်တဲ့လူမှာလဲ ကုသိုလ်ထပ်ရတဲ့ သာဓက ရှိပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment