ဒါန ကုသိုလ်ကို ရောင်းလို့ဝယ်လို့ ရပါတယ်။ ပေးလို့ ကမ်းလို့လဲရပါတယ်။ ရောင်းသူပေးသူ လျော့မသွားဘဲ ခံယူသူ ၀ယ်ယူသူမှာတော့ ကုသိုလ်ရပါတယ်။ သာဓကပြရရင် ဘုရားရှင် သက်တော် ထင်ရှားရှိစဉ်က သာဝတ္တိ ပြည်သူ ပြည်သားတွေဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို မိမိတတ်နိုင်သလောက် ၁ပါး၊ ၂ပါး၊ ၅ပါး၊ ၁၀ပါး စသည် တာဝန်ယူပြီး စာရေးတံ ဆွမ်းပင့်ဖိတ်ပြီး ဆွမ်းကပ်ကြသည်။ မြို့ထဲမှာ အလွန်တရာ ဆင်းရဲတဲ့အတွက် မဟာဒုဂ္ဂတလို့ ခေါ်တဲ့ မြန်မာတွေကတော့ မဟာဒုဂ်လို့ခေါ်တဲ့ ဆင်းရဲသားတစ်ယောက် ရှိပါတယ်။
အဲဒီ စာရေးတံဆွမ်းကျွေးပွဲမှာ မဟာဒုဂ်ဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူခွင့် ရပါတယ်။ ဘုရင်မင်းမြတ်နဲ့ သူဋ္ဌေးသူကြွယ်တွေဟာ မဟာဒုဂ်ဆီလာပြီး သူ့ရဲ့ ကုသိုလ်ကို ရောင်းဈေးအမျိုးမျိုးပေးပြီး ၀ယ်ကြပါတယ်။ မဟာဒုဂ်က သူ့ရဲ့ကုသိုလ်ကို ရောင်းလိုက်ရင် လျော့မလျော့ ဘုရားရှင်ကို သွားမေးပါတယ်။ ဘုရားရှင်က တန်ဖိုးငွေယူပြီး ရောင်းတာပဲဖြစ်ဖြစ်၊ တန်ဖိုးမယူဘဲ ပေးဝေတာပဲ ဖြစ်ဖြစ် မူလကုသိုလ်ရှင်မှာ လျော့မသွားပါဘူး။ အနူမောဒနာ ပြုသူတွေမှာတော့ ကုသိုလ်တွေ ထပ်တူထပ်မျှ ရတယ်လို့ ဟောတယ်။ မဟာဒုဂ်ဟာ တန်ဖိုးယူပြီး အမျှဝေတယ်။ သူဋ္ဌေးသူကြွယ်တွေက ပိုက်ဆံပေးပြီး သာဓုခေါ်ကြပါတယ်။ ဒါကတော့ အမျှဝေရုံတွင်မက ပြုလုပ်ပြီးတဲ့ ကုသိုလ်ကို အမျှရောင်းလို့လဲရတယ် ဆိုတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

Wednesday, 22 September 2010
ဒါနပြုပြီးနောက် ကုသလိုလ်ကို ရောင်းလို့ဝယ်လို့ ရပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment