ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကိုယ့်မှာရပြီးတဲ့ ကုသိုလ်ကို အခြားသူတွေ ထပ်တူရဖို့ အမျှပေးဝေတယ်။ ပေးဝေရာမှာ ကိုယ့်ရဲ့အသံက သိပ်မကျယ်ဘူး။ အဝေးကကြားအောင် အကျယ်ကြီးအော်ပြောလို့လဲ ပတ်ဝန်းကျင်လူတွေမှာ အနှောင့်အယှက်ဖြစ်ဖို့ ရှိပါတယ်။
ဒါကြောင့် အမျှပေးဝေနေပါတယ်။ ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ကြပါလို့ တိုက်တွန်းတဲ့အနေနဲ့၊ အသံပေးတဲ့ အနေနဲ့ အမျှဝေပြီးရင် ကြေးစည်တီးခတ်လေ့ရှိပါတယ်။ ကြေးစည်သံကြားရင်လဲ ကြားရသူ ဗုဒ္ဓဘာသာတွေက သာဓု သာဓု သာဓုလို့ အနူမောဒနာ ပြုကြပါတယ်။ အမျှပေးဝေမှန်း သိရအောင်လို့ ကြေးစည်တီး ကျေညာခြင်း ဖြစ်ပါတယ်။ ပြုကြပါတယ်။ သူတော်ကောင်း သူမြတ်လောင်းတို့ပေးဝေသော ကုသိုလ်ကောင်းမှု၏ အဖို့ကို အကျွန်ူပ် ၀မ်းမြောက်ဝမ်းသာ သာဓုအနူမောဒနာ ခေါ်ဆိုပါ၏။ သာဓု သာဓု သာဓုလို့ အနူမောဒနာ ပြုရပါမယ်။

Friday, 24 September 2010
အမျှပေးဝေတဲ့အခါ ဘာဖြစ်လို့ ကြေးစည် တီး ကြပါသလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
သာဓု သာဓု သာဓု
ReplyDeleteသာဓု သာဓု သာဓု ပါ။ သူငယ်ချင်းများမျှဝေနိုင်ရန်အတွက် ကူးယူသွားပါတယ်။
ReplyDeleteခွင့်ပြုမယ်လို့ မျော်လင့်ပါတယ်ရှင်။