ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 19 September 2010

မေတ္တာဆိုတာ ဘာလဲ?

မေတ္တာဆိုတာက အဘိဓမ္မာ တရားကိုယ်အားဖြင့်တော့ မကြမ်းတမ်း မပြစ်မှားတဲ့ အဒေါသ စေတသိက်ပဲ။ ဒါပေမယ့် အဒေါသစေတသိက်အားလုံးဟာ မေတ္တာမဟုတ်ပါဘူး။ သီလ ဆောက်တည်တဲ့ အခါ ဒါနပြုတဲ့အခါ အဒေါသပါတာပဲ။ အဲဒီ အဒေါသက မေတ္တာမဟုတ်ဘူး။ သတ္တ၀ါအားလုံး၊ ဒါမှမဟုတ် ကိုယ်မေတ္တာပို့ချင်တဲ့လူကို စိတ်အာရုံမှာမှန်းပြီး ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေလို့ ပွားနေတဲ့ အခိုက်မှာဖြစ်တဲ့ အဒေါသကိုသာ မေတ္တာလို့ ခေါ်ပါတယ်။

No comments:

Post a Comment