ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 18 September 2010

မဂ်တရား ဖိုလ်တရားကသာ အပါယ်မကျအောင် တားဆီးနိုင်ပါသလား။ အခြားကုသိုလ်တွေက မတားဆီးနိုင် ဘူးလား ?

မဂ်လေးပါးထဲမှာ တစ်ပါးပါးကိုရတဲ့ လူဟာ အပါယ်လေးဘုံကို ဘယ်နည်းနဲ့မှ မကျနိုင်တော့ပါဘူး။ ဒါကြောင့် မဂ်တရားက အပါယ်တံခါးကို တကယ်ပိတ်နိုင်တယ်လို့ မှတ်ရပါမယ်။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကလဲ အပါယ်လေးပါး မကျရောက်အောင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်အောင် ပို့ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေ ရှိပေမယ့် အပါယ်ကို လုံးဝမရောက်ဘူးလို့ အာမမခံနိုင်ပါဘူး။ လောကီကုသိုလ်တွေက စိတ်မချရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေကိုသာ ဓမ္မလို့ပြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment