ကပ်ဆိုတာ ပါဠိလို ကပ္ပကို မြန်မာလို ကပ်လို့ခေါ်ပါတယ်။ အကြီးအကျယ် ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီပျက်စီးခြင်း ကပ်သုံးမျိုး ရှိပါတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ သေနတ်၊ စိန်ပြောင်း၊ အမြောက်၊ ဗုံး၊ ဒုံးကျည်လက်နက်တွေ ထိမှန်ပြီး လူအများ သေကြေနေကြတာကို သတ္ထန္တရကပ် ဆိုက်တယ်လို့ ခေါ်ပါတယ်။ လက်နက်ထိမှန်၍ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
ကျောက်ရောဂါ၊ ၀မ်းရောဂါ၊ ပုလိပ်ရောဂါစတဲ့ ရောဂါဆိုးကြီးတွေဟာ ရပ်ကွက်တစ်ကွက်၊ မြို့ရွာနယ်ပယ်တစ်ခု၊ တိုင်းပြည်တစ်ခုလုံးမှာ ကျရောက်ဖြစ်ပျက်ပြီး လူအများ သေကြေပျက်စီးရတာကို ရောဂန္တရကပ် ဆိုက်ရောက်တယ်လို့ ခေါ်ပါတယ်။ ရောဂါဆိုးတွေ ကျရောက်ပြီး လူအများ သေကြေ ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
မိုးခေါင်၍ဖြစ်စေ၊ ရေကြီး၍ဖြစ်စေ၊ စစ်မက်ထူပြော၍ မစိုက်ပျိုးနိုင်သောကြောင့်ဖြစ်စေ၊ စိုက်ပျိုးပြီး စပါးသီးနှံများ ကြက်ငှက်ပိုးမွှားဖျက်ဆီး၍ဖြစ်စေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကို ဒုဗ္ဘိက္ခန္တရကပ် ဆိုက် တယ်လို့ ခေါ်ပါတယ်။ ငတ်မွတ်ခေါင်းပါးလို့ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

Tuesday, 28 September 2010
ကပ်သုံးပါးဆိုတာ ဘာလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment