ဒီပြင်နည်းပို့လို့ ရပါတယ်။ သတ္တ၀ါ အားလုံးပေါ်မှာ ဘေးကင်းရန်ကွာ ချမ်းသာစေလိုတဲ့ မေတ္တာ စေတနာ ရောက်ဖို့က အဓိကပါပဲ။ ဒါကြောင့် မေတ္တာသုတ်ပါဠိတော်မှာဆိုရင် -----
သုခနောဝ ခေမိနော န္တေူဟာ၊
သဗ္ဗသတ္တာ ဘ၀န္တူ သုခိတတ္တာ။
သတ္တ၀ါအားလုံး ကိုယ်ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာပါစေလို့ ပို့တယ်။ ပြီးတော့…
ယေကေစိပါဏဘူတတ္ထိ။ တသာဝါစသည်ဖြင့် ကြောက်မကြောက် သတ္တ၀ါတွေ့မြင်ဖူး၊ မမြင်ဖူးတဲ့ သတ္တ၀ါတွေ၊ အနီးအဝေးရှိ သတ္တ၀ါတွေ၊ ရဟန္တာနဲ့ ပုထုဇဉ်သေက္ခ သတ္တ၀ါတွေ၊ အရှည် အတို အလတ် သတ္တ၀ါတွေ၊ အကြီးအငယ် အလတ် သတ္တ၀ါတွေ၊ အ၀ အပိန် မပိန် မ၀ သတ္တ၀ါတွေ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ မေတ္တာပွားပါတယ်။ သတ္တ၀ါတွေကို အာရုံပြုပုံချင်းလဲ မတူဘူး။ မေတ္တာပို့ပုံချင်းလဲ မတူဘူး။ ဒါကြောင့် ကြိုက်သလို ပို့နိုင်ပါတယ်။

Monday, 20 September 2010
မေတ္တာပို့ချင်ရင် ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပို့နည်းအတိုင်း အကျဉ်းအကျယ်ပဲ ပို့ရသလား၊ ဒီပြင်နည်း မပို့ရဘူးလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment