ယမမင်းဆိုတာက အကုသိုလ်ကံကြောင့် ငရဲကျခံရမယ့် သတ္တ၀ါတွေကို ငရဲဂိတ်ဝက လွတ်နိုင်တဲ့ ကုသိုလ်ပြုဖူး မပြူဖူး စစ်ဆေး မေးမြန်းကာ ကုသိုလ်ကောင်းမှု ပြုဖူးသူ ဖြစ်ပါက ငရဲမှလွတ်ကာ လူ့ပြည် နတ်ပြည်သို့ တင်ပို့တဲ့ ပုဂ္ဂိုလ်ကို ယမမင်းလို့ ခေါ်ပါတယ်။ ငရဲမကျသင့်တဲ့ သူတွေ မကျအောင် စစ်ဆေးကယ်တင်သူ ဖြစ်ပါတယ်။
ယမမင်းဟာ ငရဲကိုရောက်လာတဲ့ လူကို သူအို၊ သူနာ၊ သူသေ ကလေးတွေကို တွေ့တဲ့အခါ တရားသံဝေဂရပြီး ကုသိုလ်ကောင်းမူ ပြုဖူး မပြုဖူး မေးပါတယ်။ ကုသိုလ်ကောင်းမှု တစ်ခုပြုဖူးတာကို သတိရပြီး ဖော်ပြနိုင်ရင် ငရဲကနေလွတ်ခွင့်ပြုပါတယ်။ ကုသိုလ်ကောင်းမှုပြုစဉ်က ယမမင်းကို အမျှအတမ်း ပေးဝေမယ်ဆိုရင် ကုသိုလ်ပြုသူ ကာယကံရှင်က မေ့နေသည်တိုင်အောင် အမျှဝေခြင်းခံရတဲ့ ယမမင်းကြီး ကိုယ်တိုင်က သတိရပြီး သင်ဟာ ဘယ်နေ့ ဘယ်ရက်က ဘယ်နေရာ ဘယ်လို ကောင်းမှုတွေကို ပြုလုပ်ပြီး ကျွန်ူပ် ယမမင်းကိုတောင် အမျှဝေခဲ့သေးတယ် မဟုတ်လားလို့ ထုတ်ဖော်သတိပေးပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကို ကိုယ်တိုင် မေ့နေရင်တောင်မှ ယမမင်းကြီးက သတိပေးနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှုပြုတိုင်း အမျှဝေတဲ့အခါတိုင်း ယမမင်းကြီးကို အမျှပေးဝေရမယ်လို့ ဥပရိပဏ္ဏာတ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။
သူကြွယ်တစ်ဦးဟာ မဟာစေတီကို မြတ်လေးပန်းကုံး တစ်ခုကိုလှူပြီး ယမမင်းကြီးကိုပါ အမျှပေးဝေခဲ့ပါ တယ်။ သေတဲ့အခါ အဲဒီကုသိုလ်ကို မေ့ပြီး ငရဲဂိတ်ဝကို ရောက်သွားတယ်။ ကုသိုလ်ကောင်းမှု လုပ်ခဲ့ဖူးတာကို သတိမရဘူး။ ဒီတော့ ယမမင်းကြီးက မြတ်လေးပန်း တစ်ကုံးကို မဟာစေတီကို ပူဇော်ပြီး ကျွန်ူပ် ယမမင်းကြီးကိုပါ အမျှဝေဘူးသေးတာပဲလို့ သတိပေးတော့မှ သတိရပြီး ငရဲကနေ လွတ်သွားဖူးတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုပြုပြီးရင် အမျှဝေပါ။ ယမမင်းကို သီးခြားနာမည်ခေါ်ပြီး အမျှဝေပေးကြဖို့ မမေ့ကြပါစေနဲ့လို့။

Thursday, 23 September 2010
အမျှဝေတဲ့အခါ ဘာဖြစ်လို့ ယမမင်းကို ထည့်ဝေရသလဲ၊ ယမမင်းဆိုတာ ဘာလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment