အဘိဓမ္မာသဘောအရ အချစ်နဲ့ မေတ္တာဟာ မတူပါဘူး။ အချစ်ဆိုတာက တဏှာလောဘ စေတသိက် ဖြစ်ပါတယ်။ မေတ္တာဆိုတာက အဒေါသကုသိုလ် စေတသိက် ဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး တစ်ခါတစ်ရံ စိတ်ချမ်းသာ ပျော်ရွှင်မှုရှိသလို ရံဖန်ရံခါမှာတော့ စိတ်ညစ်ရတယ်။ ပူပန်သောက ရောက်ရပါတယ်။ စိုးရိမ်ပူဆွေးရ တတ်ပါတယ်။ မေတ္တာက အမြဲတမ်း အေးမြ ကြည်လင်နေတဲ့အတွက် မေတ္တာစိတ်ကိန်းဝပ်နေတဲ့ ပုဂ္ဂိုလ်ဟာ အမြဲစိတ်ချမ်းသာနေပါတယ်။
ဒါပေမယ့် နေ့စဉ်မြန်မာတို့ အရပ်သုံးမှာတော့ မေတ္တာနဲ့ အချစ်ကို အတူတူလို့ သုံးနေကြပါတယ်။ အချစ်ဆိုတဲ့ စကားလုံးဟာ နည်းနည်းရိုင်းတယ်။ ညစ်ညမ်းတယ်လို့ ယူဆပြီး အချစ်အစား မေတ္တာဆိုတဲ့ စကားလုံးကို သုံးနေကြပါတယ်။ ဘယ်သူက ဘယ်သူကို မေတ္တာရှိနေတယ်။ မေတ္တာမျှနေကြတယ်ပေါ့။ လူငယ်ချင်း မေတ္တာမျှ နေကြတယ်ဆိုတာက ကိလေသာ လောဘအချစ်ကို ယဉ်ကျေးအောင် သုံးထားတာပဲ ဖြစ်ပါတယ်။
လူငယ်ချင်း မေတ္တာမျှ နေကြတယ်ဆိုတာက ကိလေသာ လောဘအချစ်ကို ယဉ်ကျေးအောင် သုံးထားတာပဲ ဖြစ်ပါတယ်။
ReplyDeleteကောင်းလိုက်တဲ့ စာသားလေးဗျာ။