၉-ပါးသီလကို တသီးတခြား တစ်မျိုးတမည်ဆောက်တည်စရာမလိုပါဘူး၊ ၈-ပါးသီလဆောက်တည်ပြီး မေတ္တာ ပို့အဖွင့်မှာ ပြထားတဲ့အတိုင်း အရပ်ရှစ်မျက်နှာမှာရှိတဲ့ သတ္တ၀ါတွေကို ဘေးရန်ကင်းပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားများနေရင် ၉-ပါးသီလ ဖြစ်ပါတယ်။
ဒီနေရာမှာ တိပိဋကဓရ အရှင်ဝိစိတ္တသာရ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို သတိပြုသင့်တယ်။
မေတ္တာဟူသည်၊ ဘာဝနာဖြစ်၏။ သီလကိုသာ ဆောက်တည်ဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်၏။ သို့ဖြစ်၍ န၀င်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တစ်ခုပြုလုပ် ဆောက်တည်ရန်မလို၊ ရိုးရိုး ၈-ပါးသီလကို ခံယူပြီးနောက် မေတ္တာတရား စွမ်းနိုင်သလောက် ပွားများ အားထုတ်နေလျှင် အင်္ဂါ ၉-ပါးရှိသော န၀င်္ဂဥပုသ်တို့ ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။ (မဟာဗုဒ္ဓ၀င် အနူဒီပနီ ပတွဲ-ပပိုင်း)တဲ့။
အထက်ပါ ဆရာတော်၏ အဆုံးအဖြတ် န၀င်္ဂ သမန္နာဂတံ ဥပေါသထသီလံဆိုပြီး သီးခြား ၉-ပါးသီလ ဆောက်တည်ရန်မလိုဟု မှတ်ပါ။ ၉-ပါးသီလ မဟုတ်ဘဲ ကိုးပါးဥပုသ်သာ ဖြစ်တယ်လို့ မှတ်ပါ။
No comments:
Post a Comment