မြန်မာအမည် - မဲဇလီ
ကချင်အမည် - MAIJARI
အပင်ကြီးမျိုးဖြစ်၍ ပေ-၆၀ ခန့်အထိ မြင့်သည်။ အမွေး ညိုမည်းမည်း အရောင်ရှိသည်။ တစ်ကြိမ်ငှက်မွေး ရွက်ပေါင်းဖြစ်သည်။ ရွက်လွှဲထွက်သည်။ ရွက်လွှာများ ဘဲဥ ပုံသဏ္ဌာန်ရှိသည်။ အပွင့်များ အ၀ါရောင် ဖြစ်၍ သေးငယ်သည်။ မိုးနှင့် ဆောင်းရာသီတွင် ပွင့်သည်။ အရွက်နု အဖူးတို့ကို စားသုံးနိုင်သည်၊ အရသာမှာ ချို၊ ဖန်၊ ဆိမ့်သော အရသာရှိသည်။ အရွက်ကို ပြုတ်၍ တို့စရာအဖြစ်လည်းကောင်း၊ အသုပ်အဖြစ်လည်းကောင်း၊ ဟင်းချို၊ ဟင်းခါးအဖြစ်လည်းကောင်း ချက်ပြုတ် စားနိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ အရွက်ကို ရာသီမရွေး စားသုံးနိုင်သည်။ အဖူးအပွင့်ကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စားသုံးနိုင်သည်။ အရွက်၊ အဖူးတို့ကို ပြုတ်၍ သောက်ခြင်းဖြင့် အသက်ရူ ပြွန်ချောင်းရောဂါ ပျောက်ကင်းသည်။
No comments:
Post a Comment