Wednesday, 3 November 2010

ဝက်သားဟင်းလျာနှင့် ပတ်သက်၍

ဝက်ခေါင်းသုပ်

ပါဝင်သောပစ္စည်းများ -

ဝက်ခေါင်းနုနု = တစ်ခြမ်း

ကြက်သွန်ဖြူ = ၁ဥ

ကြက်သွန်နီ = ၁၀လုံး

သခွားသီး = ၂လုံး

ရှောက်ရွက် = ၁စည်း

ပဲမူန့်အကျက် = အနည်းငယ်

ဆီ = အနည်းငယ်

ပဲငံပြာရည်အနောက် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

သကြား = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်ခေါင်းကိုပြုတ်၊ အနေတော်ပြုတ်ပါ။

- အရမ်းနူးလျှင် ၀က်ခေါင်းသုပ စားမကောင်းတော့ပါ။

- ပြုတ်ပြီးဝက်ခေါင်းများ ဆယ်ယူပါ။

- မီးဖိုပေါ်တွင် ဆီအိုးတည်ပြီး ၀က်ခေါင်းများကို အနည်းငယ်ကြော်ပါ။

- ပဲငံပြာရည်အနောက် ထည့်ကြော်ပါ။

- ကြော်ပြီးလျှင် အတုံးသေးသေးလှီးပါ။

- ထို့နောက် လှီးထားသော ကြက်သွန်နီ၊ သခွားသီး၊ ရှောက်ရွက်၊ ဖျော်ထားသော အချဉ်ရည်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ပဲမူန့်အကျက်များထည့်၍ သုတ်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း လှီးထည့်၍ သုပ်စားပါ။


ဝက်သားသုပ်

ပါဝင်သောပစ္စည်းများ -

ဝက်သား သုံးထပ်သား = ၃၀ကျပ်သား

ကြက်သွန်နိ = ၅လုံး

ရှောက်ရွက် = ၁၀ရွက်

ငရုတ်ဆီ = အနည်းငယ်

ပဲမူန့်အကျက် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

သခွားသီး = တစ်လုံး

ငံပြာရည် = အနည်းငယ်

သကြား = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်ခေါင်းသုပ်ပါအတိုင်း ငရုတ်ဆီအချဉ်ရည်ဖျော်ထားပါ။

- ၀က်သားများကို ရေဆေးပြီး ဆား။ နနွင်းနှင့် စင်းခတ်မူန့်တို့ဖြင့် နယ်ပါ။

- ပြီးလျှင် ပြုတ်ပါ။

- ပြုတ်ပြီးအသားများကို ဓားဖြင့် အတုံးသေးသေးလှီးပါ။

- ပြီးလျှင် လှီးထားသော ၀က်သားများ၊ လှီးထားသော ကြက်သွန်နီ၊ သခွားသီး၊ ရှောက်ရွက်၊ ဖျော်ထားသော ငရုတ်ဆီများထည့်။
- ဟင်းခတ်မူန့်၊ ပဲမူန့်(အကျက်)၊ ငံပြာရည်အနည်းငယ်ထည့်၍ သုပ်ပါ။

- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း လှီးထည့်ပါ။


ဝက်အူစုံသုပ်

ပါဝင်သောပစ္စည်းများ -

ဝက်အူစုံ = တစ်စုံ

ကြက်သွန်နိ = ၁၅လုံး

ကြက်သွန်ဖြူ = ၃လုံး

ရှောက်ရွက် = ၁စည်း

ပဲမူန့်(ကျက်) = အနည်းငယ်

ပဲငံပြာရည်အနောက် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ချင်း = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

သခွားသီိး = ၂လုံး

ပြုလုပ်ပုံ -

- ၀က်အူစုံကို မန်ကျည်းသီးဖြင့်နယ်ပြီးရေစင်အောင်ဆေးပါ။

- ဆား၊ ဟင်းခတ်မူန့်၊ ပဲငံပြာရည်အနောက်ရည်ဖြင့် နယ်ပါ။

- ပြီးလျှင် ချင်းအနည်းငယ် ထည့်၍ပြုတ်ပါ။

- နူးလာလျှင် အတုံးသေးသေးလှီးဖြတ်ပါ။

- လှီးထားသော ကြက်သွန်နီ၊ သခွားသီး၊ ရှောက်ရွက်၊ ပဲမူန့်၊ ဆား၊ ဟင်းခတ်မူန့်၊ ငရုတ်ဆီနှင့် ငံပြာရည် အနည်းငယ်တို့ဖြင့် ဖွဖွနယ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း ထည့်စားနိုင်ပါသည်။


ဝက်ခေါက်သုပ်

ပါဝင်သောပစ္စည်းများ -

ဝက်ခေါက် = ၃၀သား

ကြက်သွန်နီိ = ၅လုံး

သခွားသီး = ၁လုံး

ရှောက်ရွက် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပဲမူန်က (အကျက်) = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ချင်း = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်ခေါက်များကို ရေစင်အောင်ဆေးပါ။

- အမွှေးများပါလျှင် စင်အောင်နူတ်ပါ။

- ပြီးလျှင်ချင်းအနည်းငယ်ဖြင့် ပြုတ်ပါ။

- ပြုတ်ပြီး ၀က်ခေါက်များကို အတုံးသေးသေးလှီးပါ။

- လှီးထားသော ကြက်သွန်နီ၊ သခွားသီး ရှောက်သီး၊ ဟင်းခတ်မူန့်၊ ပဲမူန့်၊ ငံပြာရည်နှင့် ငရုတ်သီးများထည့်၍ သုပ်စားပါ။


ဝက်သွေးခဲသုပ်

ပါဝင်သောပစ္စည်းများ -

ဝက်သွေး = ၃၀သား

ကြက်သွန်နီိ = ၅လုံး

သခွားသီး = ၁လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပဲမူန့် (အကျက်) = အနည်းငယ်

ရှောက်ရွက် = အနည်းငယ်

ချင်း = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်သွေးများကို ရေနွေးဖြင့် အရင်စိမ်ပြီး ရေများကို သွန်ပစ်ပါ။

- ပြီးလျှင် ဆားအနည်းငယ်ဖြင့် ပြုတ်ပါ။

- လှီးထားသော ၀က်သွေး၊ ကြက်သွန်နီ၊ သခွားသီး၊ ရှောက်ရွက်၊ ငံပြာရည်၊ ငရုတ်ဆီ၊ ဟင်းခတ်မူန့်၊ ပဲမူန့်တို့ကိုထည့်၍ ဖွဖွနယ်ပါ။
- ငရုတ်ဆီဖြင့် တို့စားလျှင်လည်း ကောင်းပါသည်။

- ၀က်သွေးနှင့် ၀က်ခေါက်ကို ရော၍ သုပ်လျှင် အလွန်စားကောင်းပါသည်။


ဝက်ခေါင်းနှင့် ကြာဆံသုပ်

ပါဝင်သောပစ္စည်းများ

ဝက်ခေါင်း = ၃၀ကျပ်သား

ဆန်ကြာဆံ = ၂၅ကျပ်သား

သခွားသီး = ၁လုံး

ငရုတ်ဆီ = အနည်းငယ်

ရှောက်ရွက် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပဲမူန့်(အကျက်) = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ချင်း = အနည်းငယ်

ငရုတ်သီးမူန့်(အကျက်) = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်ခေါင်းများကို ရေဆေးပြီး ပြုတ်ပါ။

- ကြာဆံကို ရေနွေးဖျောပါ။

- ပြီးလျှင် ဆန်ခါဖြင့်စစ်ပါ။

- ၀က်ခေါင်းများ နူးလျှင် ပါးပါးလှီး၊ စစ်ထားသော ကြာဆံထည့်၊ သခွားသီးလှီးထည့်၊ ငံပြာရည်၊ စပ်ထားသော အချဉ်ရည်၊ ပဲမူန့်တို့ဖြင့် နယ်ပါ။

- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့်ထည့်၍ သုံးဆောင်ပါ။

No comments:

Post a Comment